www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 29, 2016

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ သုံးဦး ထပ်မံဖမ်းဆီးရမိ




နေပြည်တော် ၊ ၂၉-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ စာကိုင်းကျေးရွာ အတွင်း သတင်းအရ တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့် ယမန်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ကျေးရွာအတွင်း ပိတ်ဆို့ ရှင်းလင်းရာ အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်သူများ ဖြစ်သည့် စာကိုင်းကျေး ရွာနေ ဟာမီတူဆောင်း (ဘ) အနူဟလာမ် နှင့် နိုတူလာမိန် (ဘ) ဆူတာနာမတ် တို့နှစ်ဦးအား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ထို့ပြင် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့် ကလည်း သတင်းအရ ရသေ့တောင် မြို့နယ်၊ ကိုးတန်ကောက် ကျေးရွာအတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် ဝင်ရောက် ရှင်းလင်း ရှာဖွေခဲ့ရာ အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာ တွင် ပါဝင်သူ အာယုဒ် (ဘ) ကာလီဟူဆောင်း ကို ၄င်း၏နေအိမ်၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီး ရမိသူများအား တရား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး ကျောင်းတောင် ရဲကင်းစခန်း နှင့် အင်းဒင် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger