www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 24, 2016

ရန်ကုန်မြို့အတွင်း ရေပေးဝေနိုင်ရေး အတွက် ရေအရင်းအမြစ်သစ် များ လေ့လာလျက် ရှိပြီး ၂၀၂၅ ခုနှစ်တွင် မြေအောက်ရေ သုံးစွဲမှုကို ရပ်တန့်မည်


ရန်ကုန် ၊ ၂၄-၁၀-၂၀၁၆

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်များသို့ ရေပေးဝေ နိုင်ရေးအတွက် ရေအရင်းအမြစ် သစ်များ ဖော်ထုတ်နိုင်ရန် လေ့လာလျက် ရှိပြီး ၂ဝ၂၅ ခုနှစ်တွင် မြေအောက်ရေ သုံးစွဲမှုကို ရပ်တန့်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) ဒုတိယ ဌာနမှူး ဦးမျိုးသိန်း ထံမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပင်မ စီမံချက်အရ ၂ဝ၄ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ လူဦးရေ ၈ ဒသမ ၅ သန်းအတွက် ရေဂါလန်ပေါင်း ၅၂၅ သန်း လိုအပ်မည် ဖြစ်ကာ လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရေဖြန့်ဝေ ပေးနိုင်သည့် ပမာဏမှာ ဂါလန် ၂၀၅ သန်း သာရှိပြီး ယင်းအနက် မြေအောက်ရေ ဂါလန် ၁၆ သန်း ပါဝင်နေကြောင်း သိရသည်။

ရန်ကုန်မြို့သို့ ရေပေးဝေ နေခြင်းမှာ မြေပေါ်ရေနှင့် မြေအောက်ရေ တို့ကို ရယူသည့် စနစ်ဖြစ်ပြီး လက်ရှိတွင် မြေအောက်ရေ ထုတ်ယူ သုံးစွဲသည့် ပမာဏကို လျှော့ချနေကာ တွင်းပေါင်း ၇၆ဝ တွင် ၁၉၇ဝ ပြည့်နှစ်နှင့် ၁၉၈ဝ ပြည့်နှစ်တို့က တူးထားသည့် အဝီစိတွင်း ၁ဝဝ ကို ပိတ်လိုက်ပြီ ဖြစ်ကြောင်းနှင့် ထပ်မံ တူးခွင့်ပြုမည့် တွင်းအရေအတွက် ကိုလည်း လျှော့ချ နေကြောင်း သိရသည်။

မြေအောက်ရေ သည် မိုးရေမှ တစ်ဆင့် အပေါ်ယံ မြေလွှာမှ မြေအောက်သို့ စိမ့်ဝင်ပြီး မြေအောက်ရေ အဖြစ် ခိုအောင်းလျက် ရှိသည်ကို ပြန်လည် ထုတ်ယူသုံးစွဲခြင် ဖြစ်ကာ မိုးရွာသွန်းမှု လျော့ကျလာခြင်း ကြောင့် မြေအောက်သို့ စိမ့်ဝင်သည့်ရေ ပမာဏ လျော့ကျလာ သကဲ့သို့ ထုတ်ယူသုံးစွဲမှု များသောကြောင့် ပြန်ပြည့်မှု အားနည်းလာ၍ မြေအောက်ရေ သိသိသာသာ လျော့ကျ လာကြောင်း သိရသည်။

လက်ရှိတွင် ၂ဝ၁၄ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း ၊ ညောင်နှစ်ပင် ရေပေးဝေရေး စက်ရုံမှ ဒုတိယအဆင့် ဖွင့်လှစ်ပေး ခဲ့သည့် ရေပိုက်လိုင်း စနစ်တွင် နေ့စဉ် ရေဂါလန် ၄၅ သန်း တိုးမြှင့်ပြီးသင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာပ မြို့နယ် တို့သို့ ရေပေးဝေ နေကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger