www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 29, 2016

မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ယူနန်ပြည်နယ် ၊ ကူမင်းမြို့သို့ ရောက်ရှိ ၊ တိုင်းရင်းသားကျေးရွာ သို့ သွားရောက်လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တာဝန်ရှိသူများက 
ယူနန်ပြည်နယ် ၊ ကူမင်းမြို့ ၊ Chang Shui အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Tibetan Village ရှိ 
ဘုရားကျောင်းတွင် ဆီမီးပူဇော်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ 
တိုင်းရင်းသားကျေးရွာ အတွင်း ကြည့်ရှုလေ့လာကြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Xi Shan ဒေသ Guo Lin ရွာရှိ 
စိုက်ပျိုးရေးခြံတွင် Green House များဖြင့် စတော်ဘယ်ရီသီး များအား တစ်သျှူးမျိုးပွားစနစ် ဖြင့် 
စိုက်ပျိုးထားမှုကို လေ့လာစဉ်

နေပြည်တော် ၊ ၂၉-၁၀-၂၀၁၆

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗဟို စစ်ကော်မရှင် အဖွဲ့ဝင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen.Fang Fenghui ၏ ဖိတ်ကြားချက် အရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယမန်နေ့ ဒေသ စံတော်ချိန် ၁၂ နာရီ ၁၅ မိနစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ Chang Shui အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ တရုတ်ပြည်သူ့ တပ်မတော်၊ နိုင်ငံတကာ စစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေး ရုံး၏ စစ်ကော်မရှင် နာမင်းကြီး Maj. Gen. Wu Xiao Yu ၊ ယူနန်စစ်ဒေသ ဒုတိယစစ် ဒေသမှူး Maj.Gen.Qu Xin Yong နှင့် တပ်မတော် အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း ၊ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ် ဦးစိုးပိုင် ၊ စစ်သံမှူး ဗိုလ်မှူးချုပ် တင့်ဆန်း နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ကူမင်းမြို့၏ အနောက်မြောက်ဘက် တွင်ရှိသော Yunnan Ethnic Village သို့ သွားရောက် လေ့လာကြသည်။ ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Tibetan Village သို့ရောက်ရှိပြီး ရွာအတွင်း နှင့် ဘုရားကျောင်း တို့အား လှည့်လည် ကြည့်ရှုရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသသည်။

ဆက်လက်ပြီး Naxi Village ၊ Bai Village ၊ Yi Village နှင့် Dai Village တို့အား လေ့လာကြရာ တာဝန်ရှိသူ များက တိုင်းရင်းသားများ၏ ရိုးရာ အဆောက်အဦများ၊ အနုပညာ လက်ရာများ၊ ရိုးရာ ယဉ်ကျေးမှု အဆိုအကများဖြင့် ရှင်းလင်းပြသ ဖျော်ဖြေ တင်ဆက်ကြသည်။ ယင်း တိုင်းရင်းသား ကျေးရွာအတွင်း တိုင်းရင်းသား လူမျိုး ၂၅ ခု၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ များအား သဘာဝရှုခင်း သာယာလှပမှု များဖြင့် ဖွဲ့စည်း တည်ဆောက် ထားရာ လာရောက်ကြည့်ရှု လေ့လာကြသူ များစွာရှိကြောင်း သိရသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Xi Shan ဒေသ Guo Lin ရွာရှိ စိုက်ပျိုးရေးခြံ တစ်ခြံအား သွားရောက်လေ့လာ ကြသည်။ အဆိုပါ စိုက်ပျိုးရေးခြံတွင် Green House များဖြင့် စတော်ဘယ်ရီသီး များအား တစ်သျှူးမျိုးပွား စနစ်ဖြင့် စိုက်ပျိုးထားပြီး ချောကလက် အနံ့၊ ဘလူးဘယ်ရီ အနံ့၊ နာနတ်အနံ့၊ နို့အနံ့ စသည် ဖြင့် ဖန်တီးစိုက်ပျိုး ထားသည်။ ယင်းစိုက်ပျိုး ရေး ခြံတွင် စတော်ဘယ်ရီပင် များအား နိုင်ငံခြား မျိုးနှင့် ဒေသမျိုးများ သီးခြားစိုက်ပျိုး ထားရှိပြီး ငါးသေးငါးဖွဲ များနှင့် ပြုလုပ်သည့် သဘာဝ ဓာတ်မြေသြဇာ အသုံးပြုကြောင်း၊ ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လတွင် စတင် စိုက်ပျိုးခဲ့ရာ အောက်တိုဘာ လတွင် အသီးဆွတ်ခူး နိုင်ကြောင်း၊ အထွက်နှုန်းလည်း ကောင်းမွန်ပြီး စိုက်ပျိုးခြံတွင် စတော်ဘယ်ရီပင် ၃ ဧက စိုက်ပျိုးထားရာ ၁ ဧကလျှင် တရုတ်ယွမ်ငွေ ၃ သောင်းမှ ၁ သိန်းအထိ ဝင်ငွေ ရရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger