www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 13, 2016

တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား



နေပြည်တော် ၊ ၁၃-၁၀-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် စီးနင်း တိုက်ခိုက်ခဲ့မှု များကြောင့် ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဒေသခံ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များအား ကာကွယ် စောင့်ရှောက်နိုင်ရန် အတွက် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၇ နာရီခန့်၌ တပ်မတော် စစ်ကြောင်းမှ မောင်တောမြို့နယ်၊ ကြက်ရိုးပြင် ကျေးရွာသို့ ရောက်ရှိ ရှင်းလင်းစဉ် ရွာအတွင်းရှိ နေသည့် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များသည် ရွာ၏ အနောက်ဘက်သို့ ထွက်ပြေးသွား ခဲ့သည်။

၎င်းတို့နောက်သို့ တပ်မတော် စစ်ကြောင်းက ထက်ကြပ်လိုက်လံ ရှင်းလင်းရာ ၄င်းတို့မှ သေနတ်၊ တုတ်၊ ဓားများဖြင့် စတင်ပစ်ခတ် တိုက်ခိုက်သောကြောင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များသည် အနောက်မြောက် ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ထံမှ အလောင်း ၁ဝ လောင်းနှင့် တစ်လုံးထိုး သေနတ်တစ်လက် တို့အား သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရာ နေရာအနီး တစ်ဝိုက်နှင့် ပတ်ဝန်းကျင် ကျေးရွာများအား အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ခိုအောင်း နေထိုင်မှု မရှိစေရေး တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger