www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 11, 2016

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် အာဆီယံ-အမေရိကန် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး နှင့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ၏ အမှုဆောင်ကော်မတီ အစည်းအဝေးများ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ


နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် အား 
တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုစဉ်

နေပြည်တော် ၊ ၁၁-၁၀-၂၀၁၆

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန်နိုင်ငံ ဟိုနိုလူလူမြို့ ၌ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ- အမေရိကန် ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးနှင့် အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံး၏ အမှုဆောင် ကော်မတီ အစည်းအဝေး တက်ရောက်ခဲ့သည်။

ပြည်ထောင်စု ဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိ ခဲ့ကြကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger