www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 12, 2016

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားတပ်မတော်သုံး စစ်သံယာဉ်နှင့် ယန္တရားများ မောင်းနှင်မှု ၊ စွမ်းရည်ပြသမှု နှင့် Republic of Korea Army Capital Mechanized Infantry Division ၏ ပစ်ခတ်မှုစွမ်းအား သရုပ်ပြမှုစွမ်းရည် ပြသမှုကြည့်ရှု


ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုရီးယားတပ်မတော်သုံး သံချပ်ကာယာဉ်များ စွမ်းရည်ပြ မောင်းနှင်မှုကို ကြည့်ရှုစဉ်


ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Republic of Korea Army Capital Mechanized Infantry Division ပစ်ခတ်စဉ် လေ့ကျင့်ခန်း တက်ရောက် လာကြသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်စဉ်


နေပြည်တော် ၊ ၁၂-၉-၂၀၁၆

ကိုရီးယားသမ္မတ နိုင်ငံ ဆိုးလ်မြို့ရှိ Kintex ၌ ကျင်းပပြုလုပ်လျက် ရှိသည့် Defence Expo Korea 2016 ပြပွဲအား စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ဆက်လက် ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များက ကုမ္ပဏီ ပြခန်းများမှ ခင်းကျင်းပြသ ထားသည့် ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ပြီး ကိုရီးယား တပ်မတော်သုံး သံချပ်ကာယာဉ် များနှင့် ယန္တရားများ၏ စွမ်းရည်ပြ မောင်းနှင်မှု များကို ကြည့်ရှုသည်။

ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ကိုရီးယားသမ္မတ နိုင်ငံရှိ Seung-Jin Training Center တွင် ကျင်းပ ပြုလုပ်သော Republic of Korea Army Capital Mechanized Infantry Division ပစ်ခတ်စဉ် လေ့ကျင့်ခန်းအား ကြည့်ရှုလေ့လာပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။ ပစ်ခတ်စဉ်၌ ကိုရီးယားတပ်မတော် အမှတ်(၃) တပ်တော်၊ အမှတ်(၇) ယန္တရားတပ်မမှ တင့်ကားများ၊ သံချပ်ကာယာဉ် များနှင့် ရဟတ်ယာဉ် တို့က ကျည်စစ်ကျည်မှန် များဖြင့် ပစ်ခတ်မှု စွမ်းရည်အား ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိသည်။ 

(၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger