www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 12, 2016

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Panmunjieom DMZ သို့ သွားရောက်လေ့လာပြီး ကိုရီးယားသမ္မတနိုင်ငံ ဒုတိယ ကာကွယ်ရေးဝန်ကြီး မှ တည်ခင်းသည့် နေ့လယ်စာစားပွဲ တက်ရောက်


ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Panmunjieom DMZ (Demilitarize Zone) အား ကြည့်ရှုလေ့လာစဉ်

နေပြည်တော် ၊ ၁၂-၉-၂၀၁၆

ကိုရီးယားသမ္မတ နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၁ဝ ရက် ဒေသစံတော်ချိန် ၉ နာရီခွဲတွင် Panmunjieom DMZ (Demilitarize Zone) သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။

ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် ကိုယ်စားလှယ် အဖွဲ့သည် Panmunjieom DMZ နှင့် ဒိုရာ Camp သို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက် ကြပြီး လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ကို ကိုရီးယားသမ္မတ နိုင်ငံ ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ကာကွယ်ရေးဝန်ကြီး H.E.Mr. Hwang In MOO နှင့် တာဝန်ရှိသူ များက နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး အမှတ်တရ လက်ဆောင်နှင့် အထိမ်းအမှတ် တံဆိပ်များ လဲလှယ်ခဲ့ ကြကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger