www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 12, 2016

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Defence Expo Korea 2016 တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြစဉ်

နေပြည်တော် ၊ ၁၂-၉-၂၀၁၆

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ကိုရီးယား တပ်မတော် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Jang Jun Gyu ၏ ဖိတ်ကြားချက် အရ ကိုရီးယားသမ္မတ နိုင်ငံ၊ ဆိုးလ်မြို့တွင် စက်တင်ဘာ ၆ ရက်မှ ၁ဝ ရက်ထိ ကျင်းပ ပြုလုပ်သည့် Defence Expo Korea 2016 တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁ဝ ရက် ဒေသ စံတော်ချိန် ည ၆ နာရီ ၄၅ မိနစ်တွင် ကိုရီးယားသမ္မတ နိုင်ငံမှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သို့ လေကြောင်း ခရီးဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ လေဆိပ်တွင် ကိုရီးယား တပ်မတော်မှ တာဝန်ရှိသူများ၊ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး သူရ ဦးသက်ဦးမောင်၊ စစ်သံမှူး ဗိုလ်မှူးကြီး မြင့်သိန်း နှင့် ဇနီးတို့က လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ခဲ့ကြသည်။

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန် လေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ ၊ တာဝန်ရှိသူများ က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါ ခရီးစဉ်တွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် ဆွေဝင်း ပြန်လည် လိုက်ပါလာကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger