www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 19, 2016

e-Lottery ဖွင့်လှစ်နိုင်ရန် အမေရိကန်နိုင်ငံ အပါအ၀င် နိုင်ငံတချို့မှ နည်းပညာကုမ္ပဏီများက ဆက်သွယ်


ရန်ကုန် ၊ ၁၉-၉-၂၀၁၆

မြန်မာနိုင်ငံ၌ နည်းပညာ အသုံးပြု ထီ (e-Lottery) ဖွင့်လှစ်နိုင်ရန် အမေရိကန် နိုင်ငံ အပါအဝင် နိုင်ငံတချို့မှ နည်းပညာ ကုမ္ပဏီများက စိတ်ဝင်စားစွာ ဆက်သွယ် ထားကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ထီဂဏန်း စိတ်ကြိုက်ရွေးချယ် ကံစမ်းနိုင်သည့် e-Lottery စနစ်ကို စတင်ကျင့်သုံး နိုင်ရန် ပြင်ဆင်နေခြင်း ကြောင့် အတွေ့အကြုံရှိ ပြည်ပနည်းပညာ ကုမ္ပဏီများက လာရောက် ဆက်သွယ် နေကြပြီး အမေရိကန် နိုင်ငံ အပါအဝင် မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ တရုတ်နှင့် ဟောင်ကောင် တို့မှ ကုမ္ပဏီများ ဆက်သွယ် ထားကြောင်း သိရသည်။

e-Lottery စနစ်ကို အောင်ဘာလေထီ ဥပဒေ အတည်ပြု ထွက်ရှိပြီးမှသာ နိုင်ငံတကာရှိ ယင်းထီလုပ်ငန်း နှင့်ပတ်သက်၍ ကျွမ်းကျင် ပညာရှင်ကို ငှားရမ်းပြီး စိတ်ဝင်စားသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူ ယှဉ်ပြိုင်စေမည် ဖြစ်သည်။ တင်ဒါဖိတ်ခေါ် ပါက ဝင်ရောက် ယှဉ်ပြိုင်မည့် ကုမ္ပဏီ အများအပြား ရှိနိုင်သော်လည်း လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ ကုမ္ပဏီ တစ်ခုတည်းသာ ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် ထီလက်မှတ် (Paper Lottery) စနစ်ကိုသာ ကျင့်သုံးနိုင်ပြီး ယင်း ထီလက်မှတ် စနစ်မှာ ထီထိုးသူများ သတ်မှတ် ထီလက်မှတ်ခ နှုန်းထက်ပို၍ ဝယ်ယူကံစမ်း ကြရခြင်းနှင့် ထီကံစမ်း လိုသည့် ဂဏန်းကိုလည်း စိတ်ကြိုက် ရွေးချယ်ခွင့် မရှိခြင်း စသည့် အားနည်းချက်များ ရှိနေခြင်းကြောင့် အီလက်ထရွန်နစ် ထီစနစ်ကို ဆက်လက် ကျင့်သုံးနိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

နည်းပညာ အသုံးပြုထီ e-Lottery ကို ၂ဝ၁၇ ခုနှစ်အတွင်း စတင်နိုင်ရန် မျှော်မှန်းထားပြီး ယင်းထီဖွင့်လှစ် ပါကလည်း လက်ရှိ ဖွင့်လှစ်လျက် ရှိသည့် ထီလက်မှတ် စနစ်ကို ဖျက်သိမ်းမည် မဟုတ်ဘဲ ဆက်လက် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger