www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 16, 2016

ပထမဆုံးပညာရေးဆိုင်ရာ ပြပွဲကြီး ကျင်းပမည်


ရန်ကုန် ၊ ၁၆-၉-၂၀၁၆

1st Education Fair အမည်ဖြင့် ပထမဆုံး ပညာရေးဆိုင်ရာ ပြပွဲကြီးကို work.com.mm က စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့ မြန်မာပလာဇာ အနီးရှိ Mela Hotel Yangon ၏ Grand Ballroom (1) ၌ ကျင်းပသွားမည် ဖြစ်ကြောင်း work.com.mm  ပြန်ကြားရေးနှင့် လူမှုဆက်ဆံရေး မန်နေဂျာ မကေခိုင် ထံမှ သိရသည်။

Education Fair ကျင်းပရခြင်း ၏ အဓိက ရည်ရွယ်ချက်မှာ ပညာရေးကို အမြဲမပြတ် လေ့လာသင်ယူ နေပြီး အလုပ်အကိုင် အခွင့်အလမ်း တို့ကို ရှာဖွေရန် ဖြစ်သည်။

အဆိုပါ ပြပွဲကြီးသို့ လာရောက် လေ့လာခြင်း အားဖြင့် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေသူများ အနေဖြင့် မိမိတို့လိုအပ်သော အရည်အသွေး များအား ပိုမိုမြှင့်တင် ပေးမည့် သင်တန်းများကို မှန်မှန်ကန်ကန် သိရှိရွေးချယ် နိုင်မည် ဖြစ်သည်။

Education Fair တွင် ပြည်တွင်းပြည်ပမှ ကျောင်းပေါင်းများစွာ ပါဝင်ပြသမည် ဖြစ်သည်။ High National Diploma ရရှိနိုင်မည့် Chindwin College က Main Sponsor အဖြစ်ပါဝင်ပြသ သွားမည်ဖြစ်ပြီး Carrie Academy Myanmar က Co-sponsor အဖြစ်ပါဝင်ကာ တခြားသော ပညာရေးနှင့် ပတ်သက်သည့် ပြခန်းများလည်း ပါဝင်ပြသ သွားမည်ဖြစ်သည်။ 

Main Sponsor အဖြစ် ပါဝင်ပြသမည့် Chindwin College ၌ အင်ဂျင်နီယာ ပညာရပ်များ၊ စီမံခန့်ခွဲမှု ကျွမ်းကျင်ပညာ ရပ်များနှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းပညာရပ် များအပြင် ဘွဲ့လွန်ဒီဂရီ များလည်း ဖွင့်လှစ် ထားသည်။ 

Co-sponsor ဖြစ်သော Carrie Academy Myanmar သည် အသက်မွေး ဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးပြီး အလုပ်ခွင်သို့ တိုက်ရိုက် ဝင်ရောက်နိုင်စေမည် ဖြစ်သည်။

အဆိုပါ Education Fair တွင် ပါဝင်ပြသမည့် ပြည်တွင်းပြည်ပ သင်တန်းကျောင်း များမှ သင်တန်းအလိုက် သင်တန်းကြေး လျှော့ချမှု များနှင့် Lucky Draw အစီအစဉ် များလည်း ပါဝင်မည်ဖြစ်သည်။ ထို့ပြင် work.com.mm က Photo Contest ပြိုင်ပွဲကျင်းပကာ ဆုလက်ဆောင် ပေးမည့် အစီအစဉ် များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger