www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, September 17, 2016

သံပရာရည်ကို ဘာကြောင့် နံနက်တိုင်း သောက်သင့်တာလဲ


သံပရာရည်ကို ဘာကြောင့် နံနက်တိုင်း သောက်သင့်တာလဲ

( ပေါက်ပေါက် )

သံပရာရည်ကို ဘာကြောင့် နံနက်တိုင်းေ သာက်သင့်တာလဲ ဆိုတဲ့ အဖြေကတော့ သံပရာသီး ထဲမှာ လူသားတို့အတွက် ကျန်းမာရေးကို ကောင်းကျိုးပြုတဲ့ အာနိသင်တွေ များပြားလို့ ပါပဲ။

သံပရာသီးထဲမှာ ကိုယ်တွင်း/ကိုယ်ပ ဗက်တီးရီးယား ပိုးမွှားတွေကို သုတ်သင်နှိမ်နင်း ပေးနိုင်တဲ့ Antibacterial ၊ ပြင်ပကူးစက် ဗိုင်းရပ်စ်ပိုး တွေကို တားဆီးကာကွယ် ပေးတဲ့ ဗညအငလငမေူ ၊ ကိုယ်ခံ စွမ်းအားတွေ တိုးတက် ကောင်းမွန်စေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ဖြစ်ကြတဲ့ ဆစ်ထရစ် အက်စစ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်စီ တို့ လုံလောက်စွာ ပါရှိတာကြောင့် နံနက်စာ စားပြီးတိုင်း သံပရာရည် တစ်ခွက်ပုံမှန် သောက်ပေးသင့် တယ်လို့ Daily Health Tips (ခေါ်) အင်တာနက် ကျန်းမာရေး သတင်းလွှာ မှာ ဖော်ပြသွားခဲ့ ပါတယ်။

(၁) အစာကြေစေခြင်း

သံပရာရည်က ခန္ဓာကိုယ်တွင်း အစာခြေအင်္ဂါ အဖွဲ့အစည်း ထဲမှ အဆိပ်အတောက် များကို နှင်ထုတ်ပေး နိုင်ပါတယ်။ ဒါ့အပြင် အစာမကြေ လေပွခြင်း ကိုလည်း သက်သာလာစေ ပါတယ်။ အူသိမ်အူမ များကို ကောင်းစွာ အလုပ်လုပ် စေနိုင်လို့ အူကင်ဆာ ဝေဒနာသည် များကို သံပရာရည် သောက်ရန် ဆရာဝန်များက အကြံပေးလေ့ ရှိပါတယ်။

(၂) ကိုယ်တွင်းသန့်စေခြင်း

သံပရာသီးထဲရှိ ဆစ်ထရစ် အက်စစ် များက အင်ဇိုင်း အဖြစ် အထောက်အပံ့ ဖြစ်စေပါတယ်။ နံနက်ပိုင်း သံပရာရည် သောက်ခြင်း အားဖြင့် တစ်ညတာ အောင်းထားတဲ့ ယူရစ်အက်စစ် များကို ဆီးအဖြစ် ကုန်စင်အောင် စွန့်ထုတ် ပေးနိုင်ပါတယ်။

(၃) ကိုယ်ခံစွမ်းအား တိုးတက်ကောင်းမွန် စေခြင်း

ဗီတာမင်စီ နဲ့ ပိုတက်စီယမ် တို့ မြင့်မားစွာ ပါရှိကြလို့ ဦးနှောက်နဲ့ အာရုံကြော အဖွဲ့အစည်း များကို လှုံ့ဆော်ပေး ပါတယ်။ သွေးတိုးကျခြင်း၊ ရာသီဥတု ပူပြင်း၍ ရေဓာတ်ဆုံးရှုံး မောပန်းမှု ဒဏ်ကို ပြေပျောက်စေခြင်း၊ ပန်းနာရင်ကျပ် နဲ့ အသက်ရှူ လမ်းကြောင်း ပိတ်ဆို့မှု ပြဿနာများကို ကောင်းကျိုးပြု ပေးပါတယ်။ သံပရာရည် တစ်ခွက်ကို နံနက်တိုင်း ပုံမှန်သောက်သုံး ပေးခြင်းဖြင့် အရိုး၊ အဆစ် အမျက် များတွင် ယူရစ်အက်စစ် အနည်ကျခြင်းကို ကာကွယ်ပေးလို့ အဆစ်အမျက် ရောင်ရမ်း ဝေဒနာသည်များ၊ လေးဖက်နာ ရောဂါသည်များ၊ ဂေါက်ဝေဒနာ သည်များ မဖြစ်မနေ သောက်သုံးသင့် ပါတယ်။ အရိုးနဲ့ အရိုးဆက် တစ်သျှူးများ ကြံ့ခိုင်ကျန်းမာ စေရန် အတွက်လည်း သံပရာရည်က မရှိမဖြစ်ပါပဲ။ ဒါ့အပြင် သံပရာသီးထဲမှာ ပါရှိတဲ့ Antimicrobial အစွမ်းက ရာသီကူးစက် ဖျားများ ဖြစ်ကြသော အအေးမိ၊ တုပ်ကွေးရောဂါ တို့ကို တိုက်ထုတ် ပေးနိုင်ပါတယ်။

(၄) အရေပြားသန့်စေခြင်း

ကျန်းမာတဲ့ အသားအရေ ဖြစ်စေဖို့ ဗီတာမင်စီက အလိုအပ်ဆုံး အရာပါ။ သံပရာသီးထဲရှိ ဗီတာမင်စီ များက ဓာတ်တိုးဆန့်ကျင် ပစ္စည်းအဖြစ် စွမ်းဆောင်နိုင်၍ အသားအရေ တွဲကျခြင်း၊ အရေပြား ညစ်ကာ မစိုမပြေ ဖြစ်ခြင်း၊ အသားအရေ နေလောင်ခြင်းတို့ကို လျော့ပါးသက်သာ စေပါတယ်။ ဒါ့အပြင် သံပရာသီး ထဲရှိ သဘာဝ အယ်လ်ကာလီ အစွမ်းက ဝက်ခြံ ဖြစ်စေတဲ့ ဗက်တီးရီးယား တို့ကို သေစေပါတယ်။ အမာရွတ်နဲ့ မျက်နှာပေါ်ရှိ အမည်းစက်များ လျော့ပါးသက်သာ လာစေဖို့ သံပရာရည်ဖြင့် ယုံကြည် စိတ်ချစွာ လိမ်းပေးပါ။

(၅) စိတ်ခံစားမှု ကောင်းမွန်စေခြင်း

အစားအစာထဲရှိ မော်လီကျူးနဲ့ အက်တမ်များက လူသားတွေရဲ့ စိတ်ကိုခွန်အား ဖြစ်စေပါတယ်။ သံပရာသီးက စိတ်ခံစားမှု ကောင်းမွန်အောင် အထောက်အပံ့ ပေးနိုင်တာကို စိုးစဉ်းမျှ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပါ။ သံပရာရနံ့က လူကိုလန်းဆန်း တက်ကြွစေသလို သံပရာရည် သောက်ခြင်းဖြင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ပင်ပန်း နွမ်းနယ်ခြင်း တို့ကို လျော့ကျသွား စေပါတယ်။

(၆) ခံတွင်းကောင်းစေခြင်း

နာတာရှည် နေမကောင်းဖြစ် သူများ၊ ခွဲစိတ်ကုသခံ ရသောလူနာများ သံပရာရည် သောက်ခြင်းဖြင့် နာလန်ထ ခံတွင်းလိုက် လာကာ နှုတ်မြိန် စေပါတယ်။ သံပရာရည်က သွားနဲ့ သွားဖုံးများ ရောင်ကိုင်း နာကျင်ခြင်းမှ သက်သာစေပြီး ခံတွင်းရနံ့ကိုလည်း ရှင်းသန့်ကောင်းမွန် လာစေပါတယ်။ သို့သော် သံပရာရည် သောက်ပြီး ချက်ချင်း သွားမတိုက်ပါနဲ့။ သွားရဲ့အပေါ်ယံ ကြွေလွှာများ ပျက်စီး စေတတ်လို့ အနည်းဆုံး နာရီဝက်ကျော် ကြာမှ သွားတိုက်ပါ။

(၇) ကိုယ်အလေးချိန်ကျစေခြင်း

ဆေးသုတေသီ တွေရဲ့ ဓာတ်ခွဲစမ်းသပ်ချက် များအရ သံပရာသီးထဲမှာ ပါရှိတဲ့ Pectin အမျှင်ဓာတ်က အစားအစာတွေ မကြာခဏ စားလိုစိတ်ကို ချိုးနှိမ်ပေး ပါတယ်တဲ့။ ဒါ့အပြင် Alkaline ဓာတ်ပါရှိလို့ ကိုယ်အလေးချိန် မြန်မြန်ကျစေ ပါတယ်။ အထူးသဖြင့် နံနက် အိပ်ရာထမှာ သံပရာသီးခွံကို ပျော့သွားအောင် လှိမ့်ပြီး ဓားနဲ့ ထက်ခြမ်းခြမ်းကာ ရေနွေးဖြူပူပူ ခွက်ထဲ သံပရာခွံမနွှာ အရည် မညှစ်ဘဲ အလုံးလိုက် စိမ်သောက် ပေးခြင်းဖြင့် တစ်လ အကြာမှာ သိသိသာသာ ကိုယ်အလေးချိန် ကျခြင်း၊ ခန္ဓာကိုယ်ထဲရှိ အဆီပိုများကျခြင်း၊ သွေးတိုးကျခြင်း စတဲ့ ကောင်းကျိုးတွေ ခံစားရစေ ပါတယ်။

(၈) အထွေထွေရောဂါများ

သလိပ်ခြောက် ချွဲကပ်ခြင်း အတွက် ပျားရည်နဲ့ သံပရာရည် ဆတူရော၍ သောက်ပါ။ လည်ချောင်းနာခြင်း အတွက် ရေနွေးပူထဲ သံပရာရည်နဲ့ ပျားရည် ဆတူရော ထည့်၍ သောက်ပါ။ ဝမ်းဖောဝမ်းရောင် ခြင်းအတွက် သံပရာရည် ၄ ပဲ၊ ဆား ၂ ပဲ၊ ထန်းလျက် ၁ ကျပ်သား၊ ရေ ၅ ကျပ်သား ရောစပ်သောက်ပါ။ နှာခေါင်းသွေးယို ခြင်းအတွက် သံပရာသီး လတ်လတ်ဆတ်ဆတ် အရည်ကို နှာခေါင်းထဲ ညှစ်ထည့်ပါ သို့မဟုတ် သံပရာရည်ကို ဂျုံမှုန့်နဲ့ရော၍ နှာတံပေါ် လိမ်းပေးပါ။ သံပရာစေ့ကို ရေနဲ့ကြိတ်ပြီး နေ့စဉ် လိမ်းပေးခြင်းဖြင့် ဆံပင်များ ပြန်ပေါက်လာစေ ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်း အတွက် သံပရာစေ့ကို ကြိတ်၍ နားသယ်ကို လိမ်းပေးပါ။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger