www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, September 17, 2016

မြိုင်ကြီးငူ-မဲသဝေါ နယ်မြေရှင်းလင်းမှု နှင့် ပတ်သက်၍ သတင်းထုတ်ပြန်





နေပြည်တော် ၊ ၁၇-၉-၂၀၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ ကောင်းမူကျေးရွာ နှင့် အနီးတစ်ဝိုက်တွင် ကလိုထူးဘော ကရင်အစည်းအရုံး (KKO) အဖွဲ့မှ ကျော်သက်နှင့် ဆန်းအောင် ခေါင်းဆောင်သော KKO (ခွဲထွက်) အဖွဲ့သည် မြတီ- သင်္ဃန်းညီနောင်- ကော့ကရိတ် ကားလမ်းတွင် တရားမဝင် အကောက်စခန်းများ ဖွင့်လှစ်၍ ခရီးသွား ပြည်သူလူထု ထံမှ ငွေကြေးအဓမ္မ ကောက်ခံခြင်းများ ဆောင်ရွက် ခဲ့ရာ ပြည်နယ် အစိုးရနှင့် တပ်မတော်ကအကြိမ်ကြိမ် သတိပေး အကြောင်းကြား ခဲ့သော်လည်း လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့်အပြင် ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးတို့၏ ခရီးစဉ် ယာဉ်တန်းများ ကိုပါ တားဆီး နှောင့်ယှက်ခြင်း၊ လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်သည့် တပ်မတော် စစ်ကြောင်းများ ကိုပါ နှောင့်ယှက် တိုက်ခိုက်ခြင်းများ ဆောင်ရွက် လာခဲ့သည့် အတွက် ၂ဝ၁၅ ခုနှစ်၊ ဇူလိုင်လအတွင်း တပ်မတော် စစ်ကြောင်းများက အဆိုပါ KKO (ခွဲထွက်) အဖွဲ့ကို ယင်းနယ်မြေမှ အပြီးအပိုင် တိုက်ခိုက် ရှင်းလင်း ဖယ်ရှားခဲ့ရာ နယ်မြေ တည်ငြိမ်အေးချမ်း ခဲ့ပြီး ခရီးသွားပြည်သူ လူထုနှင့် နယ်မြေခံ ပြည်သူလူထုတို့ စိတ်ချမ်းမြေ့စွာ သွားလာနေထိုင် လုပ်ကိုင်ခွင့် ရရှိခဲ့ပါသည်။

အဆိုပါ KKO (ခွဲထွက်)အဖွဲ့မှ နားမကြား ခေါင်းဆောင်သော အင်အားစု တချို့သည် ယခုနှစ်ဆန်းပိုင်း အတွင်းက ကော့ကရိတ် မြို့နယ်အတွင်း ကောင်းမူကျေးရွာ တစ်ဝိုက်သို့ ပြန်လည်စိမ့်ဝင် လာသည့် သတင်းများ ရရှိခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်း များကို ဆောင်ရွက်စဉ် ယခုနှစ် သြဂုတ်လ ၂၁ ရက်တွင် ဘားအံမှ မြဝတီသို့ ရိက္ခာ ပို့ဆောင်သည့် တပ်မတော် ယာဉ်တန်းကို ကျုံဒိုးနှင့် ကော့ကရိတ် အကြား ကြာအင်းဆိပ်ကြီး လမ်းခွဲအနီး၌ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ သဖြင့် တပ်မတော်ပိုင် မော်တော်ယာဉ် တစ်စီး ထိခိုက်ပျက်စီး ခဲ့ပါသည်။ အလားတူ ဘားအံမြို့ စက်မှုဇုန်ရှိ မဟာဘားအံ အထည်ချုပ် စက်ရုံ အနီးတွင် မိုင်းထောင် ဖောက်ခွဲခဲ့ ပါသည်။

သြဂုတ်လ ၂၉ ရက်တွင် ကောင်းမူကျေးရွာ အရှေ့ဘက် ၄ မိုင်ခန့် အကွာတွင် ဆင်ကျောင်းနေသော ဒေသခံငါးဦးနှင့် ဆင်နှစ်ကောင်ကို နားမကြားဦးစီး KKO (ခွဲထွက်) အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားသဖြင့် လိုက်လံ ရှင်းလင်းသော နယ်မြေခံ နယ်ခြားစောင့် တပ်နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ရာ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဒေသခံများနှင့် ဆင်နှစ်ကောင် ကို ပြန်လည် ကယ်ဆယ် နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်စဉ် တွင် KKO (ခွဲထွက်) အဖွဲ့မှ နားမကြား ဆိုသူ သေဆုံးခဲ့ ပါသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ် နှင့် ပတ်သက်၍ KKO (ခွဲထွက်)အဖွဲ့က နိုင်ငံတော်နှင့် တပ်မတော် အပေါ် အတိအလင်း စစ်ကြေညာသည့် သဘော သက်ရောက်သည့် ထုတ်ပြန် ကြေညာချက် (၃/၂ဝ၁၆)ကို ထုတ်ပြန်ခဲ့ သကဲ့သို့ စက်တင်ဘာလ ၃ ရက်တွင် မြိုင်ကြီးငူ- မဲသဝေါ ကားလမ်း ရင်းပိုင်တံတား လုံခြုံရေး ဆောင်ရွက် နေသော တပ်မတော် စစ်ကြောင်းနှင့် ရင်းပိုင်မဲဆိပ် နယ်မြေရှိ နယ်ခြားစောင့်တပ် စခန်းများကို လက်နက်ကြီး ဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်းများ စတင် ဆောင်ရွက် လာခဲ့ပါသည်။ စက်တင်ဘာလ ၄ ရက်မှ စက်တင်ဘာလ ၈ ရက်အထိ တပ်မတော် စစ်ကြောင်း များနှင့် နယ်ခြားစောင့်တပ် စခန်းများကို လက်နက်ကြီး ဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်း၊ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့ မီးသတ် ဦးစီးဌာန တွင် မိုင်းထောင် ဖောက်ခွဲခြင်းများ ဆက်လက် ဆောင်ရွက် လာခဲ့သဖြင့် စက်တင်ဘာလ ၁၁ ရက်တွင် ဝါးဘိုးတောင်- ကျုံထော် နယ်မြေနှင့် မဲသဝေါနယ်မြေ သို့ အကန့်အသတ် ရည်မှန်းချက် သတ်မှတ်ပေးကာ တပ်သွင်း ရှင်းလင်း စေလျက်ရှိရာ စက်တင်ဘာလ ၁၅ ရက်အထိ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ ပါသည်။

တပ်မတော် အနေဖြင့် နယ်မြေ အကန့်အသတ်ဖြင့် ရှင်းလင်းခြင်း အပေါ် အချို့သော အဖွဲ့အစည်းများမှ မြေပြင်ဖြစ်စဉ် ဖြစ်ရပ်များ ကို မျက်ကွယ်ပြုလျက် NCA နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု ကိုသော် လည်းကောင်း၊ ဒေသခံ ပြည်သူများ၏ ငြိမ်းချမ်းရေး ဆိုင်ရာ နားလည်မှု နှင့် ယုံကြည်မှု ပျက်ပြားမှုကို စိုးရိမ်သည့် အနေဖြင့်သော် လည်းကောင်း သဘောထား အသီးသီး ထုတ်ပြန် နေကြကြောင်း တွေ့ရှိရပါသည်။

တပ်မတော် အနေဖြင့် NCA စာချုပ်ပါ အချက်အလက်များ အတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်လျက် ရှိသည့်အပြင် ယခုနယ်မြေ အကန့်အသတ် နှင့် ရှင်းလင်းသည့် နေရာမှာလည်း KKO (ခွဲထွက်) အဖွဲ့များ အခြေပြု  လှုပ်ရှားလျက် ရှိသည့် မြိုင်ကြီးငူမှ မဲသဝေါ အထိ ကားလမ်း တစ်လျှောက်သာ ဖြစ်သည့်အပြင် တိုက်ပွဲ နယ်မြေအတွင်းမှ ခေတ္တတိမ်းရှောင် လာသည့် ပြည်သူ ၃၈၇၄ ဦးတို့အား မြိုင်ကြီးငူ ဒေသတွင် ခေတ္တ နေရာချလျက် ဆေးဝါးကုသ ပေးခြင်း၊ ထောက်ပံ့ ကူညီခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger