www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 23, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Wouter Robert Marie Jurgen အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၃-၉-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ မြန်မာနိုင်ငံ ဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Wouter Robert Marie Jurgen အား လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံဖွင့်ပွဲ ပြုလုပ်ပြီး နောက်ပိုင်းတွင် ဆက်လက် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ တပ်မတော် အနေဖြင့် နိုင်ငံတော်အစိုးရ နှင့်အတူ ပူးပေါင်းပါဝင် လုပ်ဆောင်နေမှု အခြေအနေများ၊ ကချင်ပြည်နယ် အတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပေးရာ၌ မြေပြင်တွင် ကြုံတွေ့ရသည့် ပကတိ အခြေအနေများနှင့် မှန်မှန်ကန်ကန် ဖြစ်စေရေး အတွက် နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက် နိုင်သည့်နယ်ပယ် များတွင် ဆက်ဆံမှု တိုးမြှင့်ရေး တို့အား ရင်းနှီးစွာ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး သံအမတ်ကြီး နှင့်အတူ စစ်သံမှူး Colonel Allard Wagemaker တို့ တက်ရောက် ကြကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger