www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 13, 2016

ကျောက်မျက်ဥပဒေပါ တားမြစ်ချက်များမှာ တစ်နိုင်တပိုင်လုပ်ကိုင် နေသည့် ရေမဆေး ရှာဖွေသူများအတွက် အခက်အခဲဖြစ်စေ


ရန်ကုန် ၊ ၁၃-၉-၂၀၁၆

ကျောက်မျက်ဥပဒေ ပါ တားမြစ်ချက် များသည် တစ်နိုင်တပိုင် လုပ်ကိုင်နေသည့် ရေမဆေး ရှာဖွေသော ဒေသခံများနှင့် ရပ်ဝေးမှ ရေမဆေး ရှာဖွေသူ ပြည်သူများအတွက် အခက်အခဲ တစ်ခု ဖြစ်နေခြင်း ကြောင့် ဥပဒေပါ ပုဒ်မ တစ်ချို့ကို ပြန်လည် ပြင်ဆင်ပေးရန် ပြည်သူ့လွှတ်တော်၊ ပြည့်သူရေးရာ စီမံခန့်ခွဲမှု ကော်မတီ ထံ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ အတွင်းရေးမှူး၊ ဖားကန့်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး ထံမှ သိရသည်။

ဖားကန့်မြို့နယ် နှင့် လုံးခင်းကျေးရွာ အုပ်စုတို့တွင် မြန်မာ့ကျောက်မျက် ဥပဒေပုဒ်မ (၄၁) အရ ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းကို ခွင့်ပြုချက် မရဘဲ လုပ်ကိုင်ခြင်းနှင့် ကျောက်မျက် ရတနာ အရိုင်းတုံးများကို ခွင့်ပြုချက် မရဘဲ ရှာဖွေခြင်း၊ လက်ဝယ် ထားရှိခြင်းများ မပြုလုပ်ရန် စက်တင်ဘာ ပထမပတ် အတွင်းက သတိပေး ကြေငြာထားပြီး ကျုးလွန်ပါက မြန်မာ့ ကျောက်မျက် ရတနာဥပဒေ၊ အခန်း(၁၃)၊ ပုဒ်မ(၄၁) အရ ထောင်ဒဏ် အနည်းဆုံး သုံးနှစ်မှ အများ ဆုံးခုနှစ်နှစ်အထိ ချမှတ်ခံရမည် အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း ပါရှိသည်။

“ဖားကန်မှာ တစ်နိုင်ငံလုံးက လူတွေ လာရောက် အခြေချကြတာ။ ဆိုင်းဘုတ်တွေကို လုံးခင်းက ကျောက်စိမ်း တူးဖော်ရေးရုံး နဲ့ ဖားကန့်က အထွေထွေ အုပ်ချုပ်ရေးမှူးရုံး နားမှာ ထောင်ထားတယ်။ ပြစ်ဒဏ်တွေကို ရေမဆေး သမား တွေလည်း စိုးရိမ် နေကြတယ်။ ဖားကန့်ဆိုတာ ကျောက်စိမ်း ထွက်တဲ့ နေရာပဲ။ ဒီနေရာမှာ ကျောက်စိမ်း မတူးရဆိုတော့ ဒေသခံတွေက ဘာအလုပ်လုပ် စားကြမလဲ။ လူတွေရဲ့ အခွင့်အရေးကို ပိတ်ပင်တာနဲ့ အတူတူပဲ လေ။ ဥပဒေနဲ့ မကိုက်ညီ တာမို့ မဖြစ်သင့်ဘူး။ ဒေသခံတွေ ကလည်း စိုးရိမ် နေကြတယ်။” ဟု ဦးတင့်စိုး က ပြောသည်။ 

“ပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ကိစ္စဖြစ်လို့လေ။ ကျွန်တော့် မဲဆန္ဒနယ်လည်း ဟုတ်တယ်။ ကျောက်မျက် ဥပဒေကို ပြင်လိုက်မယ် ဆိုရင် ဒီကိစ္စက ပြေလည်သွားမှာ။ လုပ်ငန်းရှင်တွေ ရေးဆွဲတာ။ ဥပဒေရဲ့အခန်း ၁၃၊ ပုဒ် မ ၄၁ နဲ့  ၄၂ ကို ပြင်ဆင်ရမှာ။ အရင်အစိုးရ လက်ထက်က လုပ်ငန်းရှင်တွေ စိတ်ကြိုက်ရေးဆွဲ သွားတာ။ ဒီ ဥပဒေ ကိုပြင်ဆင်ဖို့ ကော်မတီ အစည်းအဝေးမှာ တင်ပြသွားမယ်။” ဟု ဦးတင့်စိုးက ပြောသည်။ 

ဥပဒေပါ တားမြစ်ချက် များသည်  ဖားကန့်မြို့နယ် အတွင်းရှိ ဒေသခံများအပြင် တစ်နိုင်တပိုင် ရေမဆေးကျောက် ရှာဖွေသူများက အဆိုပါကိစ္စကို ဖြေရှင်းပေးရန် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အတွင်း ရေးမှူး ဦးတင့်စိုး ထံ တင်ပြထားကြောင်း ရေမဆေးကျောက် ရှာဖွေသူများထံမှ သိရသည်။

“တစ်မြို့နယ်လုံးပဲ ဒါပဲရှာဖွေ စားတာကိုး။ ကျောက်ကျောပေါ်တဲ့ နေရာတွေ ဝင်တူးနေကြတာ။ သူတို့လုပ်ကွက် ထဲမှာပေါ့ဗျာ (ကျောက်စိမ်း ကုမ္မဏီတွေ)။ သူတို့နားထားတော့ သူတို့လုပ်ကွက်ထဲ ဝင်တူးနေကြတာ။ ရေမဆေး သမားတွေ ဝင်ပြီးရှာဖွေ နေကြတာ။ သူများ လုပ်ကွက်ထဲ လိုက်မဖောက်နဲ့ အေးအေးဆေးဆေး သူတို့ ပစ်တဲ့မြေ စာပုံမှာ လိုက်ရှာကြလို့ ဖြောင်းဖြပေးရ တာပေါ့။ တကယ်လို့ ပြဿနာတက်မှ တရားဥပဒေ လမ်းကြောင်းအတိုင်း လုပ်လာရင် မဖြစ်ရအောင် ဖြောင်းဖြပေး ရတာပေါ။”ဟု ဖားကန့်မြို့နယ်၊ လုံးခင်ကျေးရွာ အုပ်စုမှ ရပ်ကျေး ဥက္ကဌ ဦးလောဝ်ခန် က ပြောသည်။ လက်ရှိအချိန်၌ ရေမဆေးကျောက် ရှာဖွေသူများ၏ အရေအတွက်ကို သတ်မှတ်နိုင်ခြင်း မရှိသော်လည်း သတ်မှတ်ထားသည့် ဥပဒေအတွင်းမှ ဆောင်ရွက်ရန်နှင့် စိုးရိမ်မှုများကို ဖြောင်းဖြပေးသည့် နည်းလမ်းများ ဖြင့်သာ ဖြေရှင်းပေး နေရကြောင်းလည်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger