www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 19, 2016

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းက ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ရေယာဉ်သစ် ၅၀၀ ကျော် တည်ဆောက်ပေးနိုင်ခဲ့



နေပြည်တော် ၊ ၁၉-၉-၂၀၁၆

မြန်မာ့သင်္ဘောကျင်း လုပ်ငန်းက ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် ထိ ရေယာဉ်သစ် ၅၀၀ ကျော် တည်ဆောက်ပေး နိုင်ခဲ့ပြီး ရေယာဉ် ၁၅၀၀ ကျော်ကို ပြင်ဆင်ပေးနိုင် ခဲ့ကာ ကော်ပိုရေးရှင်း ဥပဒေ ထွက်ရှိလာသည့် အခါ ကော်ပိုရေးရှင်း အသွင် ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန သတင်းများအရ သိရသည်။

မြန်မာ့သင်္ဘောကျင်း လုပ်ငန်းသည် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန က ချမှတ်သည့် မူဝါဒ ရည်မှန်းချက် လုပ်ငန်းစဉ်နှင့် အညီ ရေယာဉ်တည်ဆောက် ခြင်းနှင့် ရေယာဉ်ပြင်ဆင်ခြင်း လုပ်ငန်းများကို အပြည်ပြည် ဆိုင်ရာ Classification အဖွဲ့အစည်း များတွင် စစ်ဆေးမှုကို ခံယူပြီး ဆောင်ရွက်နေသော နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းတစ်ခု ဖြစ်ကာ ၁၉၇၀ ပြည့်နှစ်မှစ၍ နိုင်ငံပိုင် သင်္ဘောကျင်း တစ်ခုအဖြစ် စတင်ဖွဲ့စည်း ထူထောင်ခဲ့သည်။

၁၉၇၆ ခုနှစ်မှစ၍ စီးပွားရေးဆန်ဆန် စတင်ဆောင်ရွက် ခဲ့ပြီး အဓိက စီးပွားရေးလုပ်ငန်း အဖြစ် ရေယာဉ် တည်ဆောက်ရေး နှင့် ရေယာဉ် ပြင်ဆင်ရေး လုပ်ငန်းများတွင်  ပြည်တွင်းပြည်ပ ရေယာဉ်များကို လက်ခံ ဆောင်ရွက်ပေးလျက် ရှိသည်။

ယခင်က လျှောလမ်းသုံး လွန်းကျင်းဖြစ်ပြီး တန်ချိန် ၂၀၀၀ ထိ ရေယာဉ်များသာ တည်ဆောက် ပြင်ဆင်နိုင်ရာမှ ၂၀၀၅ ခုနှစ်မှစ၍ တန်ချိန် ၁၂၀၀၀ ရေလုံသင်္ဘောကျင်း တည်ဆောက်ရန် ရန်ကုန်မြစ်အတွင်း ၀င်ရောက် နိုင်သည့် ရေယာဉ်ကြီး များကို လွန်းတင်ပြင်ဆင် ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းအနေဖြင့် ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် အထိ ရေယာဉ်သစ် ၅၀၀ ကျော် တည်ဆောက်ပေးနိုင် ခဲ့ပြီး ရေယာဉ် ၁၅၀၀ ကျော်ကို ပြင်ဆင်ပေး နိုင်ခဲ့ကာ ကော်ပိုရေးရှင်း ဥပဒေ ထွက်လာသောအခါ ကော်ပိုရေးရှင်း အသွင် ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger