www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 19, 2016

လှော်ကားသဘာဝဥယျာဉ် ၏ (၂၇)နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်မည်



ရန်ကုန် ၊ ၁၉-၉-၂၀၁၆

စက်တင်ဘာ ၃ဝ ရက်တွင် ကျရောက်မည့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လှော်ကားသဘာဝ ဥယျာဉ်၏ (၂၇)နှစ်ပြည့် အထိမ်းအမှတ် အဖြစ် တိရစ္ဆာန် အစာများ အခမဲ့ဝေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ အသိပညာ ပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း လှော်ကားဥယျာဉ် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးရဲလင်းစိုး ထံမှ သိရသည်။

အဆိုပါနေ့တွင် လှော်ကားသဘာဝ ဥယျာဉ်အတွင်းရှိ တိရစ္ဆာန်များကို အစာ ကျွေးမွေးရန် လာရောက်ကြသူ များအား တိရစ္ဆာန်အစာများ အခမဲ့ဝေခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ အသိပညာ ပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း အစီအစဉ်များ ပြုလုပ်ပေးသွားမည် ဖြစ်သည်။

တောရိုင်းတိရစ္ဆာန် များနှင့် ဆောင်းခို ငှက်များ လာရောက် ကျက်စားသည့် လှော်ကားနယ်မြေကို ၁၉၅၆ ခုနှစ်တွင် ဆဋ္ဌမ သင်္ဂါယနာတင် အထိမ်းအမှတ်အဖြစ် လှော်ကားကန် ပတ်ဝန်းကျင် ဒေသကို ဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၈၁-၁၉၈၂ ခုနှစ်မှ စ၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်တို့ ပူးပေါင်းပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမျိုးသား ဥယျာဉ်များ တည်ထောင်ရေး စီမံကိန်း အစီအစဉ်အရ လှော်ကားသဘာဝ ဥယျာဉ်အဖြစ် တည်ထောင်ခဲ့သည်။

လှော်ကားသဘာဝ ဥယျာဉ်ကို ၁၉၈၉ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်ကြည့်ရှု လေ့လာနိုင်စေရန် စတင်ဖွင့်လှစ် ပေးခဲ့သည်။ လှော်ကားသဘာဝ ဥယျာဉ်သည်
ရန်ကုန်မြို့နှင့် အနီးဆုံး သဘာဝဥယျာဉ် ဖြစ်ကာ ၆၂ ဧက ကျယ်ဝန်းသော တိရ စ္ဆာန် ဥယျာဉ်ငယ်၊ ၈၁၈ ဧက ကျယ်ဝန်းသည့် သဘာဝဥယျာဉ်နှင့် ကြားခံနယ်မြေ ၆၆ဝ ဧကရှိကာ ကျေးငှက်တိရ စ္ဆာန် များကို သဘာဝအတိုင်း လေ့လာနိုင်သည့် နေရာဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger