www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 19, 2016

ထိုင်းနှင့်မလေးရှားနိုင်ငံတို့၌ ရရှိသော အနည်းဆုံးလုပ်ခလစာသည် ပြည်တွင်း၌ သတ်မှတ်ထားသည့် လုပ်ခလစာထက် ပိုမိုများပြားနေခြင်းက လူကုန်ကူးမှု ဖြစ်ပွားစေသည့် အကြောင်းရင်းဖြစ်



ရန်ကုန် ၊ ၁၉-၉-၂၀၁၆

ထိုင်းနှင့် မလေးရှားနိုင်ငံ တို့၌ ရရှိသော အနည်းဆုံး လုပ်ခလစာသည် ပြည်တွင်း၌ သတ်မှတ်ထားသည့် လုပ်ခ လစာထက် ပိုမို များပြားနေခြင်း က လူကုန်ကူးမှုကို ဖြစ်စေသော အကြောင်းရင်း တစ်ရပ် ဖြစ်ကြောင်း အမှတ်(၆) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံ၌ အလုပ်သမား တစ်ဦးအတွက် အနည်းဆုံး လုပ်အားခသည် တစ်ရက်လျှင် ငွေကျပ် ၃၆ဝဝ သတ်မှတ် ထားသောကြောင့် ထိုင်းနှင့် မလေးရှားနိုင်ငံ တို့၌ အလုပ်သမား တစ်ဦးအတွက် အနည်းဆုံး လုပ်အားခသည် မြန်မာနိုင်ငံ ထက် သုံးဆကျော် ပိုမိုများပြား နေကြောင်း၊ ယင်းကဲ့သို့ လုပ်ခလစာ ကွာဟချက်မှာ ပြည်တွင်းရှိ အခြေခံ လူတန်းစား များကို အဆိုပါနိုင်ငံ များ၌ အလုပ်လုပ် ကိုင်ရန် တွန်းအားပေး သကဲ့သို့ ဖြစ်နေပြီး ၄င်းတို့အနက် တချို့သော မြန်မာလုပ်သား များသည် လူပွဲစားများနှင့် တွေ့ကာ လုပ်ခလစာ မရဘဲ ခိုင်းစေခံရခြင်း၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံ ရခြင်းတို့ အပြင် လူကုန်ကူး ခံရသည့် အခြေအနေ များနှင့် ရင်ဆိုင်တွေ့ကြုံ ကြရကြောင်း သိရသည်။

ပြည်တွင်းမှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အနေဖြင့် လူကုန်ကူးမှု များအား ရှာဖွေစုံစမ်း ဖော်ထုတ်ခြင်း များကို သက်ဆိုင်ရာ ဌာနများ၊ ပြည်သူများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်း များအပြင် ဒေသတွင်း နိုင်ငံများမှ ရဲတပ်ဖွဲ့များ နှင့်လည်း ဆက်သွယ် ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် မြို့ရွာနှင့် ရပ်ကွက်များ၊ စက်ရုံ အလုပ်ရုံများသို့ သွားရောက်၍ လူကုန်ကူးမှု ကြိုတင်တားဆီး ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း များ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger