www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 19, 2016

တောင်တရုတ်ပင်လယ် အတွင်း၌ တရုတ်ကိုတန်ပြန်ရန် ဂျပန်နိုင်ငံမှ ကမ်းခြေစောင့်ရေယာဉ် ၁၀ စင်း ဖိလစ်ပိုင်လက်ခံရရှိ


The BRP Tubbataha, the first of 10 patrol vessels provided by Japan, arrives at Manila port on Thursday to be assigned to the Philippine coast guard.

မနီလာ ၊ ၁၉-၈-၂၀၁၆

တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ တရုတ်နှင့် ပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်နေစဉ် ဖိလစ်ပိုင် အစိုးရသည် ဂျပန်နိုင်ငံမှ ကမ်းခြေစောင့် ရေယာဉ် ၁ဝ စင်းကို သြဂုတ် ၁၈ ရက်တွင် ပထမဆုံးအကြိမ် လက်ခံရရှိ ခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားသည်။

BRP Tubbataha ကမ်းခြေစောင့် ရေယာဉ်များသည် ယခုအခါ မနီလာမြို့သို့ ရောက်ရှိနေပြီဖြစ်ပြီး ၄င်းရေယာဉ်များကို ရှာဖွေရေး၊ ကယ်ဆယ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ထုတ်ပြန်ချက် တစ်စောင်၌ ပြောကြားသည်။

သို့သော် ၄င်းရေယာဉ် များအား ဖြန့်ချသွားမည့် နေရာ အတိအကျကို ဖိလစ်ပိုင် အစိုးရက ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ဖိလစ်ပိုင်သို့ ပထမဆုံးအကြိမ် ပေးပို့ခဲ့သည့် အဆိုပါ ကမ်းခြေစောင့် ရေယာဉ်များကို ဂျပန်နိုင်ငံတွင် ယင်းနိုင်ငံ အစိုးရ၏ ငွေကြေး ထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဂျပန်အစိုးရသည် ယခုလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ အခြားကင်းလှည့် ရေယာဉ် နှစ်စင်းကို ငှားရမ်းရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဖိလစ်ပိုင် အစိုးရသည် အငြင်းပွား ရေပိုင်နက်အတွင်း တရုတ်၏ လုပ်ဆောင်ချက် များကို ဆန့်ကျင်ရန်အတွက် ကာကွယ်ရေး စွမ်းရည်များအား တိုးမြှင့်နေချိန်၌ မဟာမိတ် အမေရိကန်၊ သြစတြေးလျ နိုင်ငံတို့အပြင် ဂျပန်နိုင်ငံ နှင့်လည်း ကာကွယ်ရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

Philippines accepts first of 10 Japan-funded patrol vessels to beef up coast guard

မြ၀တီနေ့စဉ် ၊ စာ(၂၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger