www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 9, 2016

တောင်သမန်အင်း ရှိ ဦးပိန်တံတား ပြန်လည်ဖွင့်လှစ်



မန္တလေး ၊ ၉-၈-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ရှိ တောင်သမန်အင်း နှင့် ဦးပိန်တံတား သည် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့၍ ဦးပိန်တံတားအား ပိတ်ထားခဲ့ရာမှ ယမန်နေ့  နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ် လိုက်ပြီ ဖြစ်သည်။

ဦးပိန်တံတားအား ပြန်လည်ဖွင့်လှစ် လိုက်သည်နှင့် ပြည်တွင်းပြည်ပမှ ခရီးသွား ပြည်သူများ၊ အပန်းဖြေသူ များနှင့် တံတားအနီးရှိ တောင်မင်းကြီး မြတ်စွာဘုရား သို့ လာရောက် ဖူးမြော်ကြသော ဘုရားဖူးလာသူ များဖြင့် စည်ကား ခဲ့ကြောင်း သိရသည်။

''မိုးရွာသွန်းမှု များပြီး ဧရာဝတီမြစ်ရေနဲ့ ဒုဋ္ဌဝတီမြစ်ရေ ထောက်တာတွေ ရယ်ဆုံပြီးတော့ မှ ရေကြီးရေလျှံ ဖြစ်လို့ တံတားကို ပိတ်ထားခဲ့ ရတာ တစ်ပတ်လောက် တော့ရှိပါပြီ။ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ရဲ့ ခွင့်ပြုချက်နဲ့ ရပ်ကွက် အုပ်ချုပ်ရေး က တာဝန်ရှိသူ တွေနဲ့ တောင်မင်းကြီး မြတ်စွာဘုရား ဂေါပကအဖွဲ့ တာဝန်ရှိသူ တွေက မနေ့မနက် ၈ နာရီမှာ တံတားကို ပြန်ပြီးဖွင့်ပေး ပါတယ်'' ဟု တောင်မင်းကြီး မြတ်စွာဘုရား ဂေါပကအဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးခင်မောင်ညွန့် က ပြောသည်။

တံတားသို့ လာရောက် အပန်းဖြေကြသော ပြည်သူများ အနေဖြင့် တောင်သမန်အင်း အတွင်း တံတား အနီးတစ်ဝိုက် တွင် အပျော်တမ်း လှေစီးပြီး လေ့လာ အပန်းဖြေ နိုင်ကြရန် အတွက် လှေငှားရမ်းခ နှုန်းထားမှာ ပြည်တွင်းမှ ခရီးသွားပြည်သူ များအနေဖြင့် လှေတစ်စင်း ငှားခနှုန်း ငွေကျပ် ၆ဝဝဝ ဖြစ်၍ ပြည်ပ ခရီးသွား ဧည့်သည်များ အနေဖြင့် လှေတစ်စင်း ငှားရမ်းခနှုန်း ငွေကျပ် ၁၂ဝဝဝ ဖြစ်ကြောင်း ၄င်းအင်းအတွင်း လှေအငှားလိုက်ပါ ပို့ဆောင်ပေးသော လှေထိုးသား များထံမှ သိရသည်။

ဦးပိန်တံတား သည် ရေကြီးရေလျှံ ဖြစ်ချိန်တွင် ပျက်စီးမှု မရှိခဲ့ကြောင်း၊ တံတားရေရှည် တည်တံ့ ခိုင်မာမှု ရှိစေရေးအတွက် မူလ လက်ရာမပျက် ဆက်လက် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

ကောင်းစံ

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger