www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 26, 2016

(၁၀)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များ အစည်းအဝေး ( 10th ASEAN Navy Chief's Meeting ) သို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ


ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် (၁၀)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များ အစည်းအဝေး 10th ASEAN Navy Chief's Meeting တက်ရောက်လာကြသူများ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုကြစဉ်

နေပြည်တော် ၊ ၂၆-၈-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ပြုလုပ်သည့် (၁ဝ)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များ အစည်းအဝေး ( 10th ASEAN Navy Chief's Meeting ) သို့ တက်ရောက်ရန် သြဂုတ်လ ၂၂ ရက်နေ့ ၇ နာရီ ၅ဝ မိနစ်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာ ခဲ့ရာ ကွာလာလမ်ပူ လေဆိပ်သို့ ၄င်းနေ့ ဒေသစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။ လေဆိပ်တွင် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်မြင့်၊ စစ်သံမှူး (ကြည်း/ ရေ/ လေ) ဗိုလ်မှူးချုပ် ရဲနိုင်မျိုး နှင့် မလေးရှားရေတပ်မှ တာဝန်ရှိသူ များမှ ကြိုဆို ခဲ့ကြသည်။ ဆက်လက်ပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ) သည် ညနေပိုင်းတွင် Royal Chulan ဟိုတယ်၌ အာဆီယံရေတပ် ဦးစီးချုပ်များနှင့် နှစ်နိုင်င တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် မလေးရှား တပ်မတော်အရာရှိ ဧည့်ရိပ်သာတွင် ပြုလုပ်သည့် (၁ဝ)ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး ဖွင့်ပွဲသို့ တက်ရောက်သည်။ ဖွင့်ပွဲ အခမ်းအနားသို့ မလေးရှား
ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Dato Seri Mohd Johari Bin Baharum က တက်ရောက် ဖွင့်လှစ်ခဲ့ပြီး အစည်းအဝေးကို ဆက်လက် ကျင်းပရာ အာဆီယံရေတပ် ဦးစီးချုပ်များက ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့် ဆောင်ရွက်ကြရန်၊ ဒေသတွင်း အာဆီယံရေတပ်များ အနေဖြင့် သတင်း အချက်အလက် ဖလှယ်မှုများကို တိုးမြှင့် ဆောင်ရွက်ကြရန်၊ လူသားချင်း စာနာ ထောက်ထားမှုနှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ပူးပေါင်း ဆောင်ရွက် ကြရန်နှင့် အနာဂတ်ကာလ ရေကြောင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် တို့ကို ဆွေးနွေးခဲ့ ကြသည်။

သြဂုတ်လ ၂၄ ရက်နေ့တွင် Alam Shah နန်းတော်သို့ သွားရောက်ကာ Selangor ပြည်နယ်ဘုရင်  Salahuddin Abdul Aziz Shah Alhaj နှင့်တွေ့ဆုံ၍ မြို့တော် ပူထရာဂျာရာနှင့် သမိုင်းဝင် မလက္ကာမြို့ များသို့ သွားရောက်ခဲ့ပြီး ယနေ့နေ့လယ် ပိုင်းတွင် ကွာလာလမ်ပူ လေဆိပ်မှ ပြန်လည်ထွက်ခွာ ခဲ့ရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မွန်းလွဲ ၂ နာရီ ၄ဝ မိနစ်တွင် ပြန်လည် ရောက်ရှိခဲ့သည်။

ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို တပ်မတော် အရာရှိကြီးများ၊ မလေးရှားနိုင်ငံ စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger