www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 20, 2016

အင်တာနက်သုံးစွဲသူ များ၏ အချက်အလက် များကို အစိုးရ တောင်းခံမှု ပိုမိုမြင့်မား လာသည်ဟု Google ပြော



ဝါရှင်တန် ၊ ၂၀-၇-၂၀၁၆

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတကာ အစိုးရအဖွဲ့ များထံမှ အင်တာနက် အသုံးပြုသူများ၏ အချက်အလက် များကို တောင်းခံမှုမှာ စဉ်ဆက်မပြတ် မြင့်မားလာခဲ့ရာ ယခုအခါ အမြင့်ဆုံး အဆင့်အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း Google က ထုတ်ပြန် ကြေညာသည်။ 

အင်တာနက်၊ လူမှုကွန်ရက်၊ အီးမေးလ်နဲ့  အခြား အင်တာနက် အခြေပြု ဆက်သွယ်ရေးနည်း ပညာတွေကို အသုံးပြုသူတွေရဲ့  ကိုယ်ရေး အချက်အလက် တွေကို အမေရိကန် အစိုးရ အပါအ၀င် နိုင်ငံတကာ အစိုးရတွေက နေ တောင်းဆိုတဲ့ နှုန်းဟာ ၂၀၁၄ ကနေ ၂၀၁၅ အတွင်းမှာကို ၂၉ ရာခိုင်နှုန်း မြင့်တက် သွားခဲ့ပါတယ်။ 

" ကျွန်တော်တို့ က အစိုးရကို ခြောက်လ တစ်ကြိမ် အစီရင်ခံစာ တက်ပေးပါတယ်။ ၂၀၁၅ ဒုတိယနှစ် အပိုင်းအခြားမှာ အစိုးရဘက်က တောင်းဆိုမှု ၄၀၀၀၀ ရှိခဲ့ပါတယ်။ သူတို့ သိရှိလိုတဲ့ အကောင့် အရေအတွက် ၈၁၀၀၀ ကျော်ပါတယ်။ ၂၀၁၅ ပထမနှစ် အပိုင်းအခြား တုန်းက တောင်းဆိုမှု ၃၅၀၀၀ ခုနဲ့  အကောင့်ပေါင်း ၆၈၀၀၀ ပဲ ရှိခဲ့တာပါ " ဟု တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ 

" အများဆုံး တောင်းခံတာ ကတော့ အမေရိကန် အစိုးရပါပဲ။ ၂၀၁၅ ဒုတိယပိုင်းမှာ အကောင့်ပေါင်း ၁၂၅၂၃ ခုရဲ့  ဒေတာ တောင်းခံမှု ၂၇၁၅၇ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒုတိယ အများဆုံး နိုင်ငံက အိုင်ယာလန်ပါ။ တောင်းခံမှု ၁၂၁၁၄ ကြိမ်ဖြစ်ပြီး တတိယ ကတော့ ဂျာမနီ၊ ၁၁၅၆၂ ကြိမ် ဖြစ်ပါတယ် " ဟု ၄င်းက ပြောပြသည်။ 

" ကမ္ဘာတစ်ဝန်းက အစိုးရအဖွဲ့ တွေ တောင်းခံနေတဲ့ အချက်အလက်တွေ အားလုံးကို ကျွန်တော်တို့  ထုတ်မပေးနိုင်ဘူး ဆိုပေမယ့် ၆၄ ရာခိုင်နှုန်း လောက်ကိုတော့ ထုတ်ပေးခဲ့ရ ပါတယ်။ အမေရိကန် အစိုးရရဲ့ တောင်းဆိုမှု ကိုတော့ ၇၉ ရာခိုင်နှုန်းထက် မနည်း ထုတ်ပေးခဲ့ ရပါတယ် " ဟု ၄င်းက ဖြည့်စွက် ပြောပြသည်။ 

Google သည် ၂၀၁၄ ဒုတိယပိုင်း ကလည်း အမေရိကန် အစိုးရထံ မှ ဒေတာ တောင်းခံမှု ၃၁၁၄၀ ကြိမ် ဖြေကြားခဲ့ ရကြောင်း၊ အကောင့်ပေါင်း ၅၀၀၀၀ ကိုဖော်ထုတ်ပေး ခဲ့ရကြောင်း၊ Google ကို အသုံးပြုသူ ဦးရေမှာ နှစ်စဉ်တိုးများ လာခဲ့ သည်နှင့်  ဟန်ချက်ညီမျှစွာ ပင် အစိုးရ၏ ဒေတာ တောင်းခံမှုနှုန်း ကလည်း မြင့်မားလာခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger