www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 19, 2016

ယဉ်ကျေးမှုလက်ရာများ၏ တန်ဖိုးလျော့နည်း စေခြင်းသည် တားမြစ်ချက်များကို လိုက်နာမှု အားနည်းသောကြောင့်ဖြစ်



ညောင်ဦး ၊ ၁၉-၇-၂၀၁၆

မြန်မာနိုင်ငံ တစ်ဝန်း၌ ရှေးဟောင်း ယဉ်ကျေးမှု လက်ရာများနှင့် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ရှေးဟောင်း ယဉ်ကျေးမှု လက်ရာများ နေရာ အသီးသီးတွင် တည်ရှိ နေရာ ၄င်း ယဉ်ကျေးမှု လက်ရာများ၏ မြင်ကွင်းနှင့် ထည်ဝါ ခံ့ညားမှုတန်ဖိုး လျော့နည်း နေခြင်းသည် သက်ဆိုင်ရာ ဌာနများ၏ တားမြစ်ချက် များကို လိုက်နာမှု အားနည်း သောကြောင့် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံရုံးခွဲ)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

'' ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှာ မကပါဘူး တခြား ဒေသတွေက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ရှိတဲ့နေရာ တွေမှာလဲ သက်ဆိုင်ရာ ဦးစီးဌာန တွေရဲ့ တားမြစ်ချက် တွေကို ဒေသခံပြည်သူ တွေနဲ့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေက လိုက်နာ မှု အားနည်း ပါတယ်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဘုရားစေတီ၊ အဆောက်အအုံ တွေမှာ ကျွဲ၊ နွား တိရစ္ဆာ န်တွေ လွှတ်ကျောင်း တာ၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လက်ရာတွေကို ဖုံးကွယ်စေတဲ့ အဆောက်အအုံ တွေ ဆောက်တာ၊ စိုက်ပျိုးရေး လုပ်တာတွေ ကိုလဲ ဥပစာနဲ့ လွတ်ကင်းအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှာ စည်းကမ်းမဲ့ လုပ်ဆောင် တာတွေဟာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် တွေကို တန်ဖိုးနည်း စေပါတယ်'' ဟု ၄င်းက ပြောပြသည်။

ယဉ်ကျေးမှု အမွေအနှစ် ဒေသ၏ မြင်ကွင်းနှင့် ထည်ဝါခံ့ညားမှု တန်ဖိုး လျော့နည်း စေသည့် လုပ်ငန်းများမှာ လျှပ်စစ်မီးတိုင်များ စိုက်ထူမှုနည်း စနစ်၊ တယ်လီဖုန်းကြိုး နှင့် ဖုန်းတာဝါတိုင် များ စိုက်ထူမှုနည်း စနစ်၊ ရှေးဟောင်း အဆောက်အအုံ များတွင် လျှပ်စစ်မီး များနှင့် မီးကြိုးများ တပ်ဆင်မှု နည်းစနစ်၊ အဆောက်အအုံ များတိုးချဲ့ ဆောက်လုပ်မှု နည်းစနစ်၊ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ခေတ်မီလမ်းများ ဆောင်ရွက်မှု နည်းစနစ် စသည့် စည်းကမ်းချက် များ အပေါ်တွင် လိုက်နာမှု အားနည်း သောကြောင့် ဖြစ်ကြောင်း၊ ဒေသခံများ အနေဖြင့် သတ်မှတ် စည်းကမ်းချက် များကို လိုက်နာရန် လိုကြောင်း ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။ (၁၈၇)

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger