www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 19, 2016

အင်းလေးကန်အတွင်း လိုင်စင်ထုတ်ပေးရန် ကျန်ရှိနေသော စက်လှေများကို သြဂုတ်လအတွင်း ထပ်မံထုတ်ပေးသွားမည်



ညောင်ရွှေ ၊ ၁၉-၇-၂၀၁၆

အင်းလေးကန် အတွင်း ပြေးဆွဲနေသည့် စက်လှေ အစင်းရေ ၁ဝဝဝ ကျော်ရှိပြီး ဇွန် ၁ ရက်မှ ၁၅ ရက်အတွင်း စက်လှေ အစင်းရေ ၁ဝဝဝ ခန့်ကို လိုင်စင်ထုတ်ပေး ခဲ့ရာ ယခုအခါ ကျန်ရှိနေသည့် စက်လှေများကို သြဂုတ်လ တွင် လိုင်စင်ထပ်မံ ထုတ်ပေး သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တောင်ကြီး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင် က ပြောသည်။

''စက်လှေတွေကို အရင်တုန်းက လိုင်စင် ထုတ်ပေးထားတာ ၁ဝ စင်းလောက်ပဲ ရှိတယ်။ အခုလက်ရှိ ပြေးဆွဲနေတာက အစင်း ၁ဝဝဝ ကျော်လောက် ရှိတယ်။ အဲဒီထဲက နိုင်ငံခြား ခရီးသွား ဧည့်သည် တင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးထားတာ အစင်းရေ ၁ဝဝဝ နီးပါး ရှိပါပြီ။ သစ်တောဦးစီး ဌာနက စက်လှေနဲ့ ပတ်သက်တာ စစ်ဆေးတယ်။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက စက်လှေတွေကို စာရင်းသွင်းတယ်။ လောလောဆယ် ဒေသအတွင်းမှာ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ အတွက် ပြေးဆွဲနေတဲ့ ယာဉ်တွေကို ပို့ဆောင် တဲ့လိုင်စင် လုပ်ပေးနေတယ်။ မော်တော်ယာဉ် ပြီးရင် သြဂုတ်လပိုင်းမှာ ကျန်ရှိနေတဲ့ စက်လှေတွေကို ပြန်လုပ်ပေးမယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ စက်လှေမောင်းသူ ဦးရေ ၁ဝဝဝ ကျော်ကို ဌာနလေးခု ပေါင်း၍ နိုင်ငံခြား ခရီးသွား ဧည့်သည်များ နှင့် ပတ်သက်သည့် တစ်ဦးချင်း လိုက်နာရမည့် အသိပညာများ၊ စည်းကမ်းများကို သင်တန်းပို့ချ ခဲ့ပြီး ဧည့်သည်များအား ပို့ဆောင်ရာတွင် စနစ်တကျ ဖြစ်စေရန် လိုင်စင် ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အင်းလေးကန် ဒေသအတွင်း ၌ နိုင်ငံခြား ခရီးသွား ဧည့်သည်များကို ပို့ဆောင်ပေး နေသည့် မော်တော်ယာဉ် အစီးရေ ၃ဝဝ ခန့်ရှိပြီး လိုင်စင် ထုတ်ပေးရန် ညှိနှိုင်းပြီးပါက သတ်မှတ် ထားသည့် စည်းကမ်းချက် များနှင့် ကိုက်ညီသော မော်တော်ယာဉ် များကို လိုင်စင်ထပ်မံ ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger