www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 20, 2016

ကုန်ကြမ်းရှားပါးခြင်းကြောင့် သနပ်ခါး ကျောက်ပျဉ်လုပ်ငန်းများ အခက်ကြုံ



စစ်ကိုင်း ၊ ၂၀-၇-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ ရွှေမင်းဝံတောင် မြောက်ဘက် ခြောက်မိုင် အကွာရှိ ကျောက်တာရွာ၌ ကျောက်ရှားပါး လာခြင်းကြောင့် တစ်ပိုင်တစ်နိုင် သနပ်ခါး ကျောက်ပျဉ် လုပ်ငန်းများ အခက်တွေ့ နေရကြောင်း သိရသည်။

''အရင်တုန်းက ရွာနားမှာ ကျောက်ထွက် ခဲ့ပေမယ့် အခု ကျောက်တွင်းက နက်တော့ တူးရတာ အဆင်မပြေ တော့ဘူး။ ကောလင်းဘက် က ကျောက်တွင်းတွေ ဆီကနေ ဝယ်သုံး နေရတယ်။ အဲဒီ ကျောက်တွင်း တွေမှာလည်း ပြဿနာတက် နေတာတွေ ရှိတော့ ကျောက်ဝယ်ရတာ ရှားလာတယ်။ အခု မိုးတွင်းဆိုတော့ ဝယ်ရတာ အခက်အခဲ ပိုဖြစ်ပါတယ်'' ဟု ကျောက်တာ ကျေးရွာမှ မိရိုးဖလာ သနပ်ခါး ကျောက်ပျဉ် လုပ်ငန်း လုပ်ကိုင်သူ ဦးမောင်မောင်သန်း က ပြောသည်။

ကျောက်တာ ကျေးရွာသည် ရွာလုံးကျွတ် နီးပါး ကျောက်ပျဉ် လုပ်ငန်းကို လုပ်ကိုင်ကြပြီး သုံးလက်မ အရွယ်မှ ၁၂ လက်မ အရွယ်ရှိ ကျောက်ပျဉ် များကို ပြုလုပ် ရောင်းချလျက် ရှိရာ အရွယ်အစားပေါ် မူတည်၍ ငွေကျပ် ၃ဝဝ မှ ၅ဝဝဝ ဝန်းကျင်အထိ ဈေးရှိသည်။

''ကျောက်ရှား လာတော့ ကျောက်ပျဉ်ဈေး က အရွယ်အစားကို လိုက်ပြီး ငွေကျပ် ၅ဝ၊ ၁ဝဝ ဈေးမြင့်သွား ပေမယ့်လည်း ပုံမှန် အရောင်းအဝယ် ကတော့ ရှိနေပါတယ်။ ရန်ကုန်၊ ပြည်၊ မကွေး၊ မင်းဘူး၊ အထက် မင်းလှနဲ့ အောင်လံ စတဲ့မြို့တွေကို နေ့စဉ် ထွက်သလောက် ပို့ပေး နေရပါတယ်'' ဟု ကျောက်တာ ကျေးရွာမှ ကျောက်ပျဉ် အရောင်းအဝယ် လုပ်ကိုင်သူ ဒေါ်အေးအေးသွယ် က ပြောသည်။

ကျောက်တာရွာ၌ ကျောက်ပျဉ် ပြုလုပ်ရာတွင် ရှေးနည်းအတိုင်း ပြုလုပ်ကြ သော်လည်း ကျောက်ကြမ်းကို ချောရာ၌ ကျောက်ချော စက်ဖြင့် ပြောင်းလဲ လုပ်ကိုင်ကြပြီး ကျောက်ပျဉ် လုပ်ငန်းတစ်ခုမှ တစ်ရက်လျှင် အနည်းဆုံး ကျောက်ပျဉ် အချပ် ၁ဝဝ ကျော် ပြုလုပ် ရောင်းချလျက် ရှိကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger