www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 18, 2016

ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် ဦးဆောင်သောအဖွဲ့ 5th Thailand-Myanmar Senior Staff Talks အစည်းအဝေး တက်ရောက်ပြီး ပြန်လည်ရောက်ရှိ


5th Thailand-Myanmar Senior Staff Talks အစည်းအဝေး ကျင်းပစဉ်

5th Thailand-Myanmar Senior Staff Talks အစည်းအဝေး တက်ရောက်လာ ကြသူများ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၁၈-၇-၂၀၁၆

ထိုင်းနိုင်ငံ၊ Chonburi ပြည်နယ်၊ Pattaya မြို့တွင် 5th Thailand-Myanmar Senior Staff talks (၅-ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး) သို့ တက်ရောက်ရန် အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် ၁ဝ နာရီ ၄ဝ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၊ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် ဘုရင့်လေတပ် Wing 6 သို့ရောက်ရှိရာ ထိုင်းဘုရင့် တပ်မတော်မှ Major General Nothapol Boonngam နှင့် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေတို့က ကြိုဆိုနှုတ်ဆက် ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီတွင် ထိုင်းနိုင်ငံ Pattaya မြို့ရှိ Dusit Thani pattaya ဟိုတယ်၌ 5th Thailand-Myanmar Senior Staff Talks အစည်းအဝေး ကို ကျင်းပပြုလုပ်ရာ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ထိုင်းဘုရင့် တပ်မတော်မှ Lt. Gen. Thongchai Sarasuk တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပူးတွဲ အတွင်းရေးမှူး အဖွဲ့က အစည်းအဝေး ရလဒ်များကို အစီရင်ခံ တင်ပြကြကာ အစည်းအဝေး မှတ်တမ်း အကျဉ်းအား အတည်ပြုသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် နှင့် ထိုင်းဘုရင့် တပ်မတော်မှ Lt. Gen. Thongchai Sarasuk တို့က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အထိမ်းအမှတ် ပစ္စည်းများ အပြန်အလှန် လဲလှယ်ကာ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၁၆ ရက် ဒေသ စံတော်ချိန် ၃ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဒွန်မောင်း အပြည်ပြည် ဆိုင်ရာလေဆိပ် ဘုရင့်လေတပ် Wing 6 မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ ထိုင်းဘုရင့် တပ်မတော်မှ Major General Nothapol Boonngam နှင့် အရာရှိကြီးများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေတို့က လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြပြီး ရန်ကုန်မြို့ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် သို့ ည ၆ နာရီ ၁ဝ မိနစ်တွင် ပြန်လည် ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ စစ်သံမှူး Sr Col. Salawin Uttarak တို့က ကြိုဆိုနှုတ်ဆက် ကြကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger