www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Wednesday, June 22, 2016
Tesla နှင့် Apple ပူးပေါင်းကာ ကားများ၏ နည်းပညာကိုအဆင့်မြင့်တင်ပေးမည်
ဝါရှင်တန် ၊ ၂၂-၆-၂၀၁၆
ကမ္ဘာတစ်ဝန်းမှ ထုတ်လုပ်လျက် ရှိသော မော်တော်ယာဉ် များတွင် နည်းပညာ နောက်ကျနေပြီး ခေတ်မီခြင်း မရှိတော့လျင် နည်းပညာကို အဆင့်မြင့် ပေးနိုင်မည့် Pearl Automation စနစ်ကို ကမ္ဘာကျော် Tesla ကားကုမ္ပဏီ နှင့် Apple တို့  ပေါင်းစပ်ကာ ထုတ်လုပ် ထားကြောင်းနှင့် ယခုအခါ ကားလိုင်စင် ဘုတ်ပြားတွင် ကားနောက် မြင်ကွင်းကို ဖမ်းယူကာ iPhone တွင်ဖော်ပြသော backup camera စနစ်ကို စမ်းသပ်လျက် ရှိကြောင်း သိရသည်။ 
" Tesla ကားတွေရဲ့ နည်းပညာကို အဆင့်မြင့်တင်ဖို့ တစ်ခုတည်းနဲ့  ကားသစ်ဝယ်ဖို့ မလိုအောင် ဆောင်ရွက်တာပါ။ Tesla ကားမှန်ရင် နောက်ဆုံးထွက်တဲ့ မော်ဒယ်တွေနဲ့ မခြား နည်းပညာ အဆင့်မြင့်မား နေဖို့  Apple နဲ့ပူးပေါင်းပြီး iPhone တစ်လုံး အရင်းပြုလို့  နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုနိုင်မယ့် စနစ်တွေကို စမ်းသပ် နေပါပြီ " ဟု Tesla မှ တာဝန်ရှိသူ တစ်ဦး က ပြောပြသည်။ 
" ကားတစ်စီးကို ၀ယ်စီးလိုက်ရင် ပြန်မရောင်း မချင်း အနည်းဆုံး ၁၀ နှစ်ကနေ အနှစ် ၂၀ ထိန်းသိမ်း ရပါတယ်။ ဒီနှစ် တွေမှာ တိုးတက်ပြောင်းလဲ လာတဲ့ နည်းပညာတွေကို ကိုယ့်ကားထဲ သုံးမရတော့ စိတ်ပျက်ဖို့ေ ကာင်းပါတယ်။ Pearl Automation ကိုအသုံးပြုပြီး iPhone တစ်လုံးနဲ့  ကိုယ်လည်း နည်းပညာအသစ် ကိုခံစားနိုင်မယ် ဆိုရင် ကောင်းပါ တယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 
အဆိုပါ Rear View ကင်မရာသည် နံပါတ်ပြားမှ တစ်ဆင့် စီယာတိုင် အောက်အထိ ဒေတာကို ၀ါယာကြိုးဖြင့်ပို့ ပေး ပြီး ထိုမှတစ်ဆင့် စမတ်ဖုန်းထဲသို့  Wifi စနစ်ဖြင့် ဆက်လက် ထုတ်လွှတ် ပေးကြောင်း၊ ၁၈၀ ဒီဂရီ မြင်ကွင်းကျယ် ဖြစ်ပြီး အနီးအဝေးပြ မျဉ်းကြောင်းများ မပါရှိသော်လည်း အရာဝတ္ထုများနှင့် အလွန် နီးသွားလျင် အသံဖြင့် သတိပေးသည့် စနစ် ပါဝင်ကြောင်း သိရသည်။
Pearl Automation’s license plate cover puts a car backup camera on your phone
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...
တင်ပြီးသမျှ သတင်းများ
Follow on Twitter
Networkblog
FB Like page
Powered By Blogger