www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 14, 2016

အထည်ချုပ် လုပ်ငန်းများ အတွက် လိုင်စင်များကို Fully Online Licensing System စတင်ထုတ်ပေးနိုင်ရန် ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၄-၆-၂၀၁၆

အထည်ချုပ် လုပ်ငန်းများ အတွက် လိုင်စင်များကို Fully Online Licensing System ဖြင့် ဇူလိုင် လဆန်းတွင် စတင်ထုတ်ပေး နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ သိရသည်။

ပို့ကုန်ပစ္စည်း ၂၈ မျိုးနှင့် သွင်းကုန်ပစ္စည်း ၁၅ မျိုးကို Fully Online Licensing System ဖြင့် ဇွန် ၇ ရက်တွင် စတင်လိုင်စင် လျှောက်ထားခွင့်ပြု ခဲ့ပြီး အထည်ချုပ် လုပ်ငန်းများ အပြင် ကျန်ရှိသော ကုန်ပစ္စည်း အမယ်များ ကိုလည်း အဆင့်လိုက် တိုးမြှင့်ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

''ပို့ကုန်သွင်းကုန် လုပ်ငန်း လျှောက်ထားမှု တွေကို အွန်လိုင်းကနေ လုပ်ဆောင်နိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်။ ဒီလို အွန်လိုင်းကနေ လျှောက်ထားနိုင်ဖို့ ဘဏ်စာရင်း တစ်ခု ပြုလုပ်ထား ရမှာဖြစ်ပြီး ဘဏ်စာရင်း ဖွင့်ပြီးတာနဲ့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ လိုင်စင် ဆက်လက် လျှောက်ထား နိုင်မှာပါ။ ဘဏ်စာရင်း ကိုတော့ မြန်မာ နိုင်ငံသားများ ဘဏ်မှာ ဖွင့်လှစ်ရမှာ ဖြစ်ပါတယ်။ လိုင်စင်ကြေး ဖြတ်တောက်ပြီး အနည်းဆုံး လက်ကျန်ငွေ အဖြစ်ငွေကျပ် ၅ဝဝဝဝ ကျန်ရှိရမှာပါ။ အထည်ချုပ် လုပ်ငန်းတွေရော ကျန်တဲ့ ပစ္စည်းအမယ်တွေ ကိုပါ လုပ်ပေးသွားဖို့ ညှိနှိုင်း ဆောင်ရွက် နေပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က ပြောသည်။

အဆိုပါ ပို့ကုန်သွင်းကုန် လိုင်စင်စနစ်တွင် လုပ်ငန်းရှင်များ အနေဖြင့် အွန်လိုင်းစနစ် တွင် ငွေပေးချေခြင်း ပါဝင် သောကြောင့် မြန်မာ နိုင်ငံသားများ ဘဏ်တွင် စာရင်းရှင် ဖွင့်လှစ် သွားရန် လိုအပ်ကြောင်း၊ သို့မှသာ ငွေကြေး များအား သက်ဆိုင်ရာ စာရင်းများမှ e-Payment စနစ်ဖြင့် ဖြတ်တောက် နိုင်မည် ဖြစ်သည်။

ပို့ကုန်သွင်းကုန် လိုင်စင်များကို ထုတ်ပေးရာတွင် ယခင် လုပ်ဆောင်ခဲ့သော Local Online စနစ်မှ Fully Online Licensing System သို့ ဇွန်လအတွင်းမှ စတင်၍ အဆင့်မြှင့်တင် လုပ်ဆောင်ခြင်း ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက် ဖြစ်သော www.myanmartrade.com မှတစ်ဆင့် member ဝင်ထားသူ များသည် အင်တာနက် ရရှိသည့် မည်သည့် နေရာ၌မဆို ပို့ကုန်သွင်းကုန် ကုန်ပစ္စည်း အမျိုးအစား ၅ဝ ကို လျှောက်ထား နိုင်မည် ဖြစ်သည်။

Fully Online Licensing System အသုံးပြုပုံနှင့် ပတ်သက်သည့် Guide book အား http://www. umfcci.com. mm/fullyonline တွင် ဖော်ပြထားကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger