www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 14, 2016

အမေရိကန် သူလျှိုဂြိုဟ်တုကို အားအကောင်းဆုံး ဒုံးကျည်ဖြင့် လွှတ်တင်



ဝါရှင်တန် ၊ ၁၄-၆-၂၀၁၆

ဇွန် ၁၁ ရက်က အမေရိကန် ပြည်ထောင်စု သည် ၄င်း၏ NRO သူလျှိုဂြိုဟ်တုကို ကမ္ဘာပေါ်တွင် အားအကောင်းဆုံး ဒုံးကျည်ဖြစ်သော ULA Delta IV Heavy Rocket ဖြင့် ဖလော်ရီဒါ ပြည်နယ်၊ ကိပ်ကာနာဗာရယ် လေတပ်စခန်းမှ လွှတ်တင်ခဲ့ကြောင်း သိရသည်။

NRO ကို အမေရိကန် ပြည်ထောင်စု၏ သူလျှိုဂြိုဟ်တုများ အားလုံးကို ဒီဇိုင်းပုံစံ ရေးဆွဲရန်၊ တည်ဆောက် တပ်ဆင်ရန် နှင့် လုပ်ငန်း လည်ပတ် ဆောင်ရွက်ရန် တို့ အတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း၊ သို့ သော် NRO ဆောင်ရွက်ရမည် လုပ်ငန်းကိစ္စ အ၀၀တို့ ၏ အသေးစိတ် အချက်အလက် များကို လျှို့ ဝှက် ထားကြောင်း၊ အမေရိကန် ပြည်ထောင်စု၏ အမျိုးသား ကာကွယ်ရေး လုပ်ငန်းစဉ် အဖြစ် လွှတ်တင်ထားသော ဂြိုလ်တု ဖြစ်ကြောင်း သိရသည်။ 

ယင်းဂြိုလ်တုကို သယ်ဆောင် ပေးသည့် Delta IV Heavy Rocket မှာအမြင့် ၂၃၂ ပေရှိပြီး booster များကိုတွဲဖက် တပ်ဆင် ထားကြောင်း၊ အလယ် booster ကိုနောက်ထပ် booster တစ်လုံးဖြင့် အားဖြည့် ထားခြင်း ဖြစ်ကြောင်း၊ ထို့ ကြောင့် ပေါင် ၂ ဒသမ ၁ သန်းနှင့် ညီမျှသော တွန်းကန်အားကို ထုတ်လုပ်နိုင်ပြီး ကမ္ဘာပေါ်တွင် အားအကောင်းဆုံး ဒုံးကျည် အဖြစ် မှတ်တမ်းဝင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

" Delta IV က အခုအသုံးပြု နေတဲ့ ရော့ကက်တွေ ထဲမှာတော့ အားအကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဒုံးကျည်လောက မှာတော့ ၁၉၆၀ နဲ့  ၁၉၇၀ ၀န်းကျင်တွေမှာ လခရီးသွား အာကာသယာဉ် တွေကို လွှတ်တင်ပေး ခဲ့တဲ့ Saturn V ရော့ကက်နဲ့ နှိုင်းမယ် ဆိုရင်တော့ ငယ်သေးတယ် လို့ ဆိုရမှာပါ။ Saturn V ဟာ တွန်းကန်အား ပေါင် ၇ ဒသမ ၅ သန်း ထွက်ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 

သို့ သော် အမေရိကန် ပြည်ထောင်စုသည်  အာကာသ ခရီးသွားလုပ်ငန်း များအတွက် အားအလွန် ကောင်းသော ဒုံးကျည် နှစ်ခုထက် မနည်းကို ဆက်လက် တည်ဆောက် နေကြောင်း၊ လာမည့်နှစ် အနည်းငယ် အတွင်း ထုတ်လုပ်ပြသ နိုင်တော့မည် ဖြစ်ကြောင်း၊ Space X က တည်ဆောက် နေသော Falcon Heavy ဒုံးကျည်ဖြစ်ပြီး တွန်းကန်အား ပေါင် ငါးသန်း ဖြစ်ကြောင်း၊ နာဆာကိုယ်၌ ကလည်း SLS Mega Rocket ကို ထုတ်လုပ်လျက် ရှိပြီး Saturn V ထက် ၂၀ ရာခိုင်နှုန်း အထိပိုသော တွန်းကန်အားကို အသုံးပြုမည် ဖြစ်ကြောင်းနှင့် ၂၀၁၈ တွင် စတင် အသုံးပြုတော့မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger