www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 24, 2016

မြစ်ကြီးနားမြို့၌ မတော်တဆ ကျည်ပေါက်ထွက်သေဆုံးခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်



နေပြည်တော် ၊ ၂၄-၆-၂၀၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတား၌ လုံခြုံရေး ဆောင်ရွက်နေသည့် နယ်မြေခံ တပ်လုံခြုံရေး အဖွဲ့ထံသို့  ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂ဝ ရက် ည ၉ နာရီခန့်တွင် မြစ်ကြီးနားမြို့ နေ ဝိုင်းမော် ဘက်ခြမ်းမှ မြစ်ကြီးနား ဘက်ခြမ်းသို့ ပြန်လာသည့် မောင်ဝင်းမျိုးသန့်၊ မောင်ဆီဆာရဲ့၊ မနန်းလေးဝါး နှင့် မနွေးစန္ဒီဇော် တို့လေးဦး ရောက်ရှိလာပြီး ၄င်းတို့အဖွဲ့ စီတာပူရပ်ကွက် အရောက် အမည် စိစစ်ဆဲ လူရှစ်ဦးက ၄င်းတို့စီးနင်း လာသည့် ဆိုင်ကယ်အား လုယူရန် နှောင့်ယှက်ခံ ရကြောင်း သတင်းပို့၍ လုံခြုံရေး အကူအညီ တောင်းခံခဲ့ သည်။ ထို့ကြောင့် တံတား လုံခြုံရေး တာဝန်ခံ အရာရှိ၏ တာဝန်ပေးချက် အရ ဒုတိယတပ်ကြပ် နန်ဟီးခင်တန် နှင့် တပ်သား မောင်မောင် တို့က ယင်းလူငယ်များကို လုံခြုံစိတ်ချရသည့် သီတာရပ်ကွက်၊ မီးပွိုင့် အနီးရှိ ဓာတ်ဆီဆိုင် အထိ ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင် ပေးခဲ့ပြီး လုံခြုံရေး စစ်သည် နှစ်ဦးသည် ဆိုင်ကယ်နှင့် ပြန်လည် ထွက်ခွာ၍ သုံးမိနစ်ခန့် အကြာတွင် လူငယ်လေးဦးကို လိုက်လံ နှောင့်ယှက်ခဲ့ သည့် လူရှစ်ဦးက လမ်းတွင် မှောင်ရိပ်ထဲမှ စောင့်ဆိုင်း၍ လူအင်အားဖြင့် လုံးထွေး ထိုးကြိတ်ပြီး တပ်သား မောင်မောင် ထံမှ သေနတ်အား လုယူခဲ့သဖြင့် မတော်တဆ ကျည်ပေါက်ထွက် ၍ လူတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကာ ကျန်လူများ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန်လ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၅ဝ မိနစ်တွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့၊ အစည်းအဝေး ခန်းမ၌ တာဝန်ရှိ သူများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ဖြစ်စဉ် အကြောင်းအရာ အား အမှန်အတိုင်း သိရှိနိုင်စေရန် နှင့် ဘေးပယောဂများ ကြောင့် မလိုလား အပ်သည့် ပြဿနာများ မဖြစ်ပွားစေရန် ရှင်းလင်း ပြောကြားခဲ့ ပါသည်။ သတင်းစာ ရှင်းလင်းပွဲတွင် တာဝန်ရှိသူများ၏ ပြောကြားချက် အရ ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် မောင်ဂွမ်ဆိုင်းအောင် သည် ၂ဝ၁၃ ခုနှစ်၌ အုပ်စုဖွဲ့ လုယက်မှု ပြစ်ချက်ဟောင်း တွင် ပါဝင်ခဲ့သည့် ဖြစ်စဉ်မှတ်တမ်းများ ရှိခဲ့ကြောင်း လည်း သိရှိရပါသည်။

အထက်ပါ ဖြစ်စဉ်အရ ဗလမင်းထင်တံတား လုံခြုံရေး ဆောင်ရွက် နေသည့် တပ်မတော်သား နှစ်ဦးသည် လုံခြုံရေး တာဝန်ခံ အရာရှိ၏ တာဝန်ပေးချက်အရ နှောင့်ယှက်ခံရသည့် လူငယ်လေးဦးကို လုံခြုံစိတ်ချရသော နေရာအထိ လိုက်ပါကူညီ ပို့ဆောင်ပေး ခဲ့သည့်ဖြစ်စဉ် တွင် သေဆုံးခဲ့သူ မောင်ဂွမ်ဆိုင်းအောင် ပါဝင်သော အမည်စိစစ်ဆဲ လူရှစ်ဦးတို့က မှောင်ရိပ်ခို စောင့်ဆိုင်း၍ လူစုလူဝေးဖြင့် ရန်ပြုကာ လုံးထွေး ထိုးကြိတ်ခဲ့မှု၊ သေနတ်လုယူ ရန်မူခဲ့မှု တို့ကြောင့် မတော်တဆ ကျည်ပေါက်ထွက်၍ မောင်ဂွမ်ဆိုင်းအောင် ကျည်ထိမှန် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း စိစစ်တွေ့ရှိ ရပါသည်။ သို့ဖြစ်၍ အဆိုပါ ဖြစ်စဉ်အား တပ်မတော်၏ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ် ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger