www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 17, 2016

အမည်မည်းစာရင်းသွင်း ခံရသူများအတွက် ပြည်ဝင်ခွင့်ဗီဇာနှင့် ပတ်သက်၍ ဖြေလျှော့ ဆောင်ရွက်ပေးမည်



ရန်ကုန် ၊ ၁၇-၆-၂၀၁၆

အမည်မည်း (Black List) စာရင်းသွင်း ခံရသူများအနေဖြင့် ပြည်ဝင်ခွင့်ဗီဇာ ကိစ္စရပ်များ လုပ်ဆောင်ရာတွင် လွယ်ကူစေရေး အတွက် ဖြေလျှော့ ဆောင်ရွက် ပေးခြင်းကို ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ သိရသည်။

''၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ သက်ဆိုင်တဲ့ ကတ်ပြား တစ်မျိုးမျိုးကို စိစစ်ထုတ်ပေး နိုင်ဖို့နဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ အပေါ် အမြန်ဆုံး စိစစ်နိုင်အောင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့် စစ်ဆေးရေး အဖွဲ့တွေ ပြန်လည် ဖွဲ့စည်းပြီး ဆောင်ရွက် နေပါတယ်။ ပြည်သူလူထု အနေနဲ့ ဒီလိုစိစစ် ဆောင်ရွက်ပေး နေတာတွေကို သိရှိ နားလည်ဖို့နဲ့ ပူးပေါင်းပါဝင် လာစေဖို့ ကိုလည်း လုပ်ဆောင် နေပါတယ်'' ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင် က ပြောသည်။

အမည်မည်း စာရင်းသွင်းခံ ရသူများအား ဖြေလျှော့ ဆောင်ရွက် ပေးခြင်း လုပ်ငန်းမှာ ဝန်ကြီးဌာန အသီးသီးမှ ၄င်းတို့၏ဌာန ဆိုင်ရာ ပြစ်မှုများအရ အမည်မည်း စာရင်း ရေးသွင်းရန် ညှိနှိုင်း အကြောင်းကြား လာခြင်းကြောင့် ရေးသွင်း ထားသည့် စာရင်းများအား သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပြန်လည် ပေးပို့၍ သဘောထား မှတ်ချက်ရယူပြီး လိုအပ်ပါက ထပ်မံပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ စိစစ် ဖြေလျှော့ခြင်း လုပ်ငန်းကို ဇူလိုင်လ အတွင်း အပြီး ဆောင်ရွက် သွားမည် ဖြစ်ပြီး ထိုသို့ဖြေလျှော့ ပေးရာတွင် အင်တာပို မှ နိုင်ငံတကာ အကြမ်းဖက်မှု နှင့် မူးယစ် ဆေးဝါးမှု များကြောင့် အမည်မည်း စာရင်း ရေးသွင်းထား သူများ၊ မြန်မာနိုင်ငံ အတွင်း ပြစ်မှု ကျူးလွန်၍ ပြစ်ဒဏ်ကျခံ ခဲ့ရသဖြင့် အမည်မည်း စာရင်းရေးသွင်း ခံရသည့် နိုင်ငံ ခြားသားများ၊ နိုင်ငံကူး လက်မှတ် (Passport) စာအုပ်များ ပျောက်ဆုံး၊ ပျက်စီးကြော င်း အကြောင်းကြား သဖြင့် အမည်မည်း စာရင်း ရေးသွင်းထား သူများ မပါဝင်ကြောင်း သိရသည်။

ပြည်ဝင်ခွင့်ဗီဇာ ၁၂ မျိုး လျှောက်ထား ရာတွင် တချို့ဗီဇာများ အတွက် လိုအပ်သော အထောက်အထား များ အခက်အခဲရှိ ခြင်းကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာန များ၏ သဘောထား မှတ်ချက်များ ရယူ၍ ဖြေလျှော့ သင့်သည် များကို ဖြေလျှော့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger