www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, June 26, 2016

နိုင်လွေး (ခ) နိုင်လှသောင်း ဦးစီးသော လက်နက်ကိုင်အဖွဲ့ လက်နက်ခဲယမ်းများနှင့် အတူ ဥပဒေဘောင်အတွင်း ၀င်ရောက်


အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဝင်း ဥပဒေဘောင်အတွင်း ၀င်ရောက်လာသော နိုင်လွေး (ခ) နိုင်လှသောင်း ဦးစီးသော လက်နက်ကိုင် အဖွဲ့ဝင်များအား နွေးထွေးစွာ ကြိုဆိုစဉ်

ဥပဒေဘောင်အတွင်း ၀င်ရောက်လာသော နိုင်လွေး (ခ) နိုင်လှသောင်း အဖွဲ့မှ လက်နက်ခဲယမ်း များနှင့် ဆက်စပ်ပစ္စည်း များကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၆-၆-၂၀၁၆

နိုင်ငံတော် လျှောက်လှမ်း နေသည့် ပါတီစုံ ဒီမိုကရေစီစနစ် တွင် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များကို အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ပူးပေါင်း၍ တက်ညီလက်ညီ အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက် လျက်ရှိရာ မွန်ပြည်နယ်၊ ရေးမြို့နယ် တောင်ပိုင်းတွင် လှုပ်ရှားနေသော နိုင်လွေး (ခ) နိုင်လှသောင်း ခေါင်းဆောင်သော လက်နက်ကိုင် အဖွဲ့သည် နိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ သဘောထား အမှန်ကို သိရှိနားလည် လာပြီး နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် အတွက် ဥပဒေဘောင် အတွင်း ဝင်ရောက်လိုကြောင်း နယ်မြေခံ တပ်မတော် စစ်ကြောင်းထံ ဆက်သွယ် လာသဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဝင်း၊ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး နှင့် တာဝန်ရှိသူ များက ယမန်နေ့ နေ့လယ်ပိုင်းတွင် ရေးမြို့နယ် နယ်မြေခံ တပ်နယ်ခန်းမ ၌ ၄င်းအဖွဲ့အား အခမ်းအနား ဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ ကြသည်။

ဦးစွာ တိုင်းမှူးမှ နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ပြီး ဥပဒေဘောင် အတွင်း ဝင်ရောက် လာသော အဖွဲ့ခေါင်းဆောင် နိုင်လွေး (ခ) နိုင်လှသောင်းမှ တိုင်းမှူးနှင့် တာဝန်ရှိသူများ ထံသို့ လက်နက်များ လွှဲပြောင်း
အပ်နှံခဲ့သည်။ ထို့နောက် တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူ များမှ ဆန်၊ ဆီ နှင့် စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ ပစ္စည်းများကို အသီးသီး ပေးအပ်ခဲ့ ကြပြီးနောက် ရပ်မိရပ်ဖ တစ်ဦးမှ ကျေးဇူးတင် စကား ပြန်လည် ပြောကြား ခဲ့သည်။ ထို့နောက် နိုင်လွေး (ခ) နိုင်လှသောင်း ခေါင်းဆောင်သော အဖွဲ့သည် သံဃာတော် အရှင်သူမြတ်များ နှင့် ပြည်သူများအား ဝန်ချတောင်းပန် ခဲ့သည်။

အဆိုပါ နိုင်လွေး (ခ) နိုင်လှသောင်း ခေါင်းဆောင် သော လက်နက်ကိုင် အဖွဲ့သည် အဖွဲ့ဝင် ၂ဝ ဦးနှင့်အတူ လက်နက်ငယ် ၁၂ လက်၊ ဗုံးသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၁ဝ လုံး၊ လက်လုပ်မိုင်း ခြောက်လုံး၊ ကျည်မျိုးစုံ ၁ဝ၉၉ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၂ ခု၊ လမ်းလျှောက် စကားပြောစက် နှစ်လုံး၊ လွယ်ကြိုး တစ်ချောင်း တို့ပါဝင်ကြောင်း သိရှိရပြီး ယင်း အဖွဲ့ဝင်များ လူမှုဘဝ လုံခြုံစွာ ရပ်တည်နိုင်ရေး၊ ဥပဒေဘောင် အတွင်း အခြေချ နေထိုင် လုပ်ကိုင် စားသောက်နိုင်ရေး တို့အား ပြည်နယ် အစိုးရ အဖွဲ့နှင့် တိုင်းစစ်ဌာနချုပ် တို့ ပေါင်းစပ် ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက် ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger