Dr. Htet Htet Aung
Migraine (ခေါင်းတခြမ်းကိုက် ရောဂါ) ဟာ ကမ္ဘာမှာ တတိယ အဖြစ်များဆုံး ဝေဒနာဖြစ်ပြီး နေ့စဉ် လူနေမှု ဘ၀ကို ထိခိုက်သည် အထိ ပြင်းထန်ပါတယ်။ စစ်တမ်းများအရ အမျိုးသမီး တွေဟာ အမျိုသား တွေထက် ပိုပြီး ခေါင်းတခြမ်းကိုက် ဝေဒနာကို ခံစားရတတ် သဖြင့် အမျိုးသမီး ဟော်မုန်း အီစထရိုဂျင် (estrogen) အတက်အကျနဲ့ ခေါင်းတခြမ်းကိုက် ဝေဒနာ ဆက်စပ်မှု ရှိ/မရှိ သိရှိရန် သုတေသီ တွေက လေ့လာမှုတခု ပြုလုပ်ခဲ့ ကြရာ အီစထရိုဂျင် ဟော်မုန်း ပမာဏ လျင်မြန်စွာ ကျဆင်းခြင်း နှင့် ခေါင်းတခြမ်း ကိုက် ဝေဒနာ ဆက်စပ်မှု ရှိတာကို တွေ့ရှိခဲ့ ပါတယ်။
နယူးယောက်ရှိ Albert Einstein College of Medicine မှ Dr. Jelena Pavlovic ဦးဆောင်တဲ့ သုတေသီ တွေက အသက် ၄၇ နှစ်ရွယ် ခေါင်းတခြမ်းကိုက် ဝေဒနာ ခံစားဖူးသူ အမျိုးသမီး ၁၁၄ ယောက်နှင့် ခေါင်းတခြမ်းကိုက် ဝေဒနာ မဖြစ်ဘူးတဲ့ အမျိုးသမီး ၂၂၃ ယောက်ကို ရာသီစက်ဝန်း တစ်ခု အတွင်းမှာ ခေါင်းတခြမ်းကိုက် ဝေဒနာကို ခံစားရခြင်း ရှိ/မရှိ ဒိုင်ယာရီ မှတ်သား ထားစေခြင်း၊ ပါဝင်သူ အမျိုးသမီး တွေရဲ့ ဆီးမှ တစ်ဆင့် ဟော်မုန်းပမာဏ အတက်အကျကို စစ်ဆေးခြင်း တို့ကို ပြုလုပ်ခဲ့ကြ ပါတယ်။ စစ်ဆေးမှု ရလဒ်များအရ ခေါင်းတခြမ်းကိုက် ဝေဒနာဟာ ရာသီစက်ဝန်း အတွင်းမှာ အီစထရိုဂျင် ဟော်မုန်း အမြင့်ဆုံး ပမာဏကို ရောက်ရှိသွားပြီးမှ ပြန်ကျနှုန်းပေါ် မူတည် နေတာကို တွေ့ရပါတယ်။ ခေါင်းတခြမ်း ကိုက် ဝေဒနာ ခံစားရသူ တွေမှာ အီစထရိုဂျင် ဟော်မုန်း ကျဆင်းနှုန်းဟာ ၄၀ ရာခိုင်နှုန်းရှိပြီး ခေါင်းတခြမ်းကိုက် ဝေဒနာမခံစားရ သူတွေမှာတော့ ၃၀ ရာခိုင်နှုန်း သာ ရှိတာကို တွေ့ရပါတယ်။
ဒါ့အပြင် အီစထိုဂျင် ဟော်မုန်း ကျဆင်းမှုနှုန်း မြန်ဆန်ခြင်းက အခြားသော အကြောင်းအရင်း များ (စိတ်ဖိစီးမှု၊ အိပ်မပျော်ခြင်း၊ အစားအစာနှင့် ၀ိုင်) ကြောင့် ခေါင်းတခြမ်းကိုက် ခြင်းကို ပိုမိုအားပေး တာကြောင့် ဖြစ်နိုင်တယ် လို့ သုတေသီ တွေက ယူဆကြ ပါတယ်။ နောက်ထပ် စူးစမ်မှုတွေ ပြုလုပ်ရန် လိုအပ်သေးပေမယ့် ဒီတွေ့ရှိ ချက်က ခေါင်းတခြမ်းကိုက် ဝေဒနာကို ကုသဖို့အတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။
မူလနေရာ
http://www.drmyanmar.com/news/%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%99%E1%80%AE
%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%80%E1%80%BA
%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8/%E1%80%B1%E1%80%81%E1%80%AB
%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%BB%E1%80%81%E1%80%99%E1%80%B9%E1%80%B8%E1%80%80%E1%80%AD%E1%80%AF
%E1%80%80%E1%80%B9%E1%80%B1%E1%81%80%E1%80%92%E1%80%94%E1%80%AC%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-
%E1%80%86%E1%80%80%E1%80%B9%E1%80%85%E1%80%95%E1%80%B9%E1%80%99%E1%82%88%E1%80%9B%E1%80%BD%E1%80%AD
%E1%80%90%E1%80%B2%E1%80%B7-%E1%80%99%E1%80%B1%E1%80%9F%E1%80%AC%E1%80%B9%E1%80%99%E1%80%AF%E1%80%94%E1%80%B9%E1%80%B8
No comments:
Post a Comment