www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 10, 2016

မြန်မာအမျိုးသား လေကြောင်းလိုင်းမှ Cabin Crew Course လေယာဉ်မယ် သင်တန်း အမှတ်စဉ် (၁/၂၀၁၆) ဖွင့်လှစ်



ရန်ကုန် ၊ ၁၀-၆-၂၀၁၆

မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines) မှ Cabin Crew Course လေယာဉ်မယ် သင်တန်း အမှတ်(၁/၂ဝ၁၆) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာအမျိုးသား လေကြောင်းရုံးချုပ် ၌ ကျင်းပ ခဲ့သည်။

အဆိုပါ သင်တန်းသို့ သင်တန်းသူ ၂၇ ဦး တက်ရောက်ပြီး သင်တန်းကာလ မှာ ဇွန် ၉ ရက်မှ သြဂုတ် ၁ ရက်အထိ ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်း သည် နိုင်ငံပိုင် လေကြောင်းလိုင်း ဖြစ်ပြီး ပြည်တွင်း ပြည်ပ ခရီးစဉ်များကို ပျံသန်း ပြေးဆွဲလျက် ရှိကာ လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ လိုအပ်လာမည့် ဝန်ထမ်းများ ဖြည့်ဆည်း ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ် ခြင်းဖြစ်သည်။

သင်တန်းတွင် ပြည်တွင်း၌ သာမက ပြည်ပ၌လည်း သင်ကြားမည့် လက်တွေ့ လေ့ကျင့်ခန်းများ ပါဝင်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ရှိ Thai Airways သို့ စေလွှတ်၍ လက်တွေ့လေ့ကျင့် စေမည်ဖြစ်သည်။

ယခုအခါ မြန်မာအမျိုးသား လေကြောင်း လိုင်းတွင် Boeing 737-800 NG သုံးစင်း၊ Embraer-190 နှစ်စင်း၊ ART ငါးစင်း၊ Cessna Caravan လေးစင်းနှင့် Beech နှစ်စင်း စုစုပေါင်းလေယာဉ် ၁၆ စင်းဖြင့် ပြည်တွင်းလေဆိပ် ရှိရာ၂၇ မြို့သို့ ပျံသန်းပေးလျက် ရှိပြီး ပြည်ပခရီးစဉ်များ အဖြစ် ဟောင်ကောင်၊ ဗန်ကောက်၊ စင်ကာပူမြို့တို့ သို့လည်း တိုးချဲ့ပျံသန်း ပေးလျက်ရှိသည်။

၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း မြန်မာအမျိုးသား လေကြောင်းလိုင်း သို့ အသစ်ထပ်မံ ရောက်ရှိလာမည့် ATR 72-600 လေး စင်းနှင့် Boeing 737-800 ခုနစ်စင်းတို့ဖြင့် ပြေးဆွဲမည့် ခရီးစဉ်အသစ် များအတွက် လိုအပ်မည့် လေယာဉ်မောင်၊ လေယာဉ်မယ် များအား ကြိုတင်လေ့ကျင့် သင်ကြားပေးလျက် ရှိပြီး လက်ရှိတွင် လေယာဉ်မောင်၊ လေယာဉ်မယ် ဝန်ထမ်းအင်အား ၁၃၅ ဦး ရှိကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger