www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 14, 2016

ဂျပန်နှင့်ပူးပေါင်းကာ ၂၀၂၄ ခုနှစ်တွင် ကျွမ်းကျင်အထည်ချုပ် အလုပ်သမား ၁၀ သိန်းဖြစ်ရန် ဆောင်ရွက်နေ



ရန်ကုန် ၊ ၁၄-၆-၂၀၁၆

၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျွမ်းကျင် အထည်ချုပ် အလုပ်သမား ၁၀ သိန်းအထိ ရှိလာစေရန် အတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းထံမှ သိရှိရသည်။

“နိုင်ငံတကာ မှာလည်း အထည်ချုပ် ကနေ တန်ဖိုးမြင့် ထုတ်ကုန် ပြောင်းလဲနိုင်ဖို့ လုပ်ဆောင် နေတယ်။ ကျွမ်းကျင် အထည်ချုပ် အလုပ်သမားတွေ တိုးလာဖို့ အခုသင်တန်းတွေ ပေးနေတယ်။ ကျွမ်းကျင် အလုပ်သမား ၁၀ သိန်းရဖို့ ရည်ရွယ်ချက် ထားပါတယ်။ တိုးချဲ့ လုပ်ကိုင်ဖို့ ဂျပန်က HIDA( The Overseas Human Resources and Industry Development Association) အဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင် နေပါတယ်။” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၊ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကျွမ်းကျင် အထည်ချုပ် အလုပ်သမား သုံးသိန်းဝန်းကျင် ရှိနေပြီး ၂၀၂၀ ခုနှစ်တွင် ကျွမ်းကျင် အလုပ်သမား ငါးသိန်းအထိ ရရှိရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင် များအသင်းမှ သိရသည်။

“မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတွေ တိုးတက်လာပြီ။ ကျွန်တော်တို့ ဖက်ကလည်း လူစွမ်းအား အရင်းမြစ်တွေ ဖွံ့ဖြိုး တိုးတက်ဖို့ နည်းပညာတွေ၊ သင်တန်းတွေ ထောက်ပံ့ပေး နေတာပါ။ ဂျပန်က နည်းပညာ ဆရာတွေ လာသင်ပေး ပါမယ်” ဟု HIDA မှ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Kenichiro Eguchi က ပြောသည်။

HIDA အဖွဲ့မှ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပတ်သက်ပြီး ထောက်ပံ့မှုများ ပေးရန် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI နှင့် သဘောတူ လက်မှတ်ရေးထိုး ထားကာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး သင်တန်းကို မြန်မာနိုင်ငံသား ၇၀၀၀ ကျော်အား ပေးအပ် ခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် လုပ်သား အရင်းအမြစ်များ ရှိနေကာ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းခန့် မှာ အလုပ်တွင် ရှိနေပြီး ကျွမ်းကျင် အလုပ်သမား အဖြစ် အဆင့်မြှင့်တင် ပေးရန်သာ လိုအပ်ကြောင်း ဒေါ်ခိုင်ခိုင်နွယ် က ပြောသည်။အထည်ချုပ် လုပ်ငန်းရှင်များ အသင်း အနေဖြင့် ကျွမ်းကျင် အလုပ်သမားများ တိုးတက် လာစေရန် အတွက် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာနတို့ နှင့်လည်း ပူးပေါင်း ဆောင်ရွက် နေကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger