www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 2, 2016

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုချက်မဲ့ အဆောက်အအုံ နှစ်ထောင်ကျော်အား တရားစွဲအရေးယူ



ရန်ကုန် ၊ ၂-၆-၂၀၁၆

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက လုပ်ငန်းလိုင်စင် ထုတ်ပေး ထားသော လိုင်စင် ကန်ထရိုက်တာများ အနေဖြင့် ခွင့်ပြုချက် ရယူပြီး စည်းကမ်းတကျ ဆောက်လုပ်သည့် အဆောက်အအုံ များနည်းတူ လိုင်စင်မဲ့ ကန်ထရိုက်တာ များဖြင့် ခွင့်ပြုချက်မဲ့ အဆောက်အအုံများ တည်ဆောက်လျက် ရှိရာ ယင်း အဆောက်အအုံ များကို စိစစ် ဖော်ထုတ်လျက် ရှိပြီး တည်ဆဲ ဥပဒေနှင့်အညီ တရားစွဲ အရေးယူ ဆောင်ရွက်ခဲ့ရာ ၂ဝ၁၆ ခုနှစ် ဧပြီ ၃ဝ ရက်အထိ ဒေါပုံမြို့နယ် အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၆၁ လုံးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း အဆောက်အအုံ ၂ဝ၇၂ လုံး တို့အား တရားစွဲဆို အရေးယူ ထားကြောင်း သိရသည်။

ထို့ပြင် တည်ဆဲ ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများ ဖောက်ဖျက်သည့် ကန်ထရိုက်တာ များကို ၂ဝ၁၆ ခုနှစ် ဧပြီ ၃ဝ ရက်အထိ အရေးယူ ဆောင်ရွက်ရာတွင် ၁၃ ဦးအား လိုင်စင်မှ ပယ်ဖျက်ကာ အမည်မည်း စာရင်း သွင်းထားပြီး လေးဦးကို ရာသက်ပန် လိုင်စင် ပယ်ဖျက်ခြင်း၊ ၁၂ဝ ဦးကို လိုင်စင်ကာလ အကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ၁၇၅ ဦးကို သတိပေး လက်မှတ် ရေးထိုးစေခြင်း ဖြင့်အရေးယူ ဆောင်ရွက် ခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ကန်ထရိုက်တိုက် အဆောက်အအုံများ ကြီးကြပ် ဆောက်လုပ်ရန် အဆောက်အအုံ လုပ်ငန်းဆိုင်ရာ လုပ်ပိုင်ခွင့် ကန်ထရိုက်တာ လိုင်စင်များအား အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနက စိစစ် ထုတ်ပေးလျက် ရှိသည်။

လိုင်စင်ရ ကန်ထရိုက်တာ များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောက်လုပ် စေလျက်ရှိပြီး အဆောက်အအုံ ဆောက်လုပ်မည် ဆိုပါက သက်ဆိုင်ရာ မြေရှင် အနေဖြင့် လိုင်စင်ရ ကန်ထရိုက်တာများ၊ လိုင်စင်ရ အင်ဂျင်နီယာ များ၏ လက်မှတ် များနှင့်အတူ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနသို့ အဆိုပြုပုံစံ တင်ရမည် ဖြစ်သည်။ ယင်းဌာနမှ အတည်ပြုပြီး အဆောက်အအုံ ခိုင်ခံ့မှုအတွက် လိုင်စင်ရ အဆောက်အအုံ အင်ဂျင်နီယာ ၏ ခိုင်ခံ့မှု ဆိုင်ရာ တွက်ချက်မှုနှင့် အတူ ဆောက်လုပ်ခွင့် ပုံစံကို တင်ပြရကြောင်း၊ လျှောက်ထားချက် များကို ဌာနက စိစစ်၍ ဆောက်လုပ်ခွင့် ထုတ်ပေးမှသာ စတင် ဆောက်လုပ်ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပြုပုံစံ လျှောက်ထားမှု နှင့် ဆောက်လုပ်ခွင့် ပုံစံကို မြေပြင် စစ်ဆေးခြင်း၊ စည်ပင် ဆောက်လုပ်ခွင့်ဖြင့် ဆောက်လုပ်မည့် အဆောက်အအုံ ကို ခွင့်ပြုပုံစံပါ အတိုင်း စံချိန်စံညွှန်း စည်းကမ်းများ နှင့်အညီ ဆောက်လုပ်ရန် စစ်ဆေး ကြပ်မတ်ခြင်း၊ အဆောက်အအုံ ပြီးစီးသည့် အခါ ပြီးစီးကြောင်း လက်မှတ် စစ်ဆေးခြင်း များကို မြို့နယ်အလိုက် တာဝန်ပေးအပ် ထားသည့် ဌာနစုမှူး အင်ဂျင်နီယာ နှင့် မြို့နယ် စစ်ဆေးရေး အင်ဂျင်နီယာ များက စစ်ဆေး ဆောင်ရွက်ပြီးမှ သာ အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်များကို စိစစ် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger