www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 2, 2016

PARK ROYAL Yangon ဟိုတယ်နှင့် Singapore-Myanmar အသက်မွေးဝမ်းကျောင်း အင်စတီကျူ့ (SMVTI) တို့ ဧည့်ကြိုသင်တန်းများ လေ့ကျင့် သင်ကြားရေး ပူးပေါင်းဆောင်ရွက်မည်



ရန်ကုန် ၊ ၂-၆-၂၀၁၆

PARK ROYAL Yangon ဟိုတယ် သည် Singapore-Myanmar အသက်မွေး ဝမ်းကျောင်း အင်စတီကျု့ (SMVTI) မှ ဘွဲ့ရရှိပြီး သူများအား ဧည့်ကြို သင်တန်းများ လေ့ကျင့် သင်ကြား ပေးခြင်းကို ပူးပေါင်း လုပ်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်း ၌ လေ့ကျင့် သင်ကြားမှုများ ပြုလုပ်မည့် ဧည့်ကြိုသင်တန်း ဆိုင်ရာ တက်ရောက်သူ များကို အချိန်ပိုင်း သို့မဟုတ် အမြဲတမ်း အလုပ် ခန့်ထားမှုများ ပြုလုပ်ပေးဖွယ် ရှိနေသည်။ ထို့ပြင် အိမ်အကူ လုပ်ငန်းပိုင်း ဆိုင်ရာ လေ့ကျင့်မည့် အစီအစဉ် များလည်း ရှိနေပြီး SMVTI တွင် သင်တန်းနည်းပြ အပြင် စကောလားရှစ် ပေးမည့် အစီအစဉ်များလည်း ရှိကြောင်း သိရသည်။ 

PARK ROYAL Yangon ဟိုတယ်မှ အထွေထွေ မန်နေဂျာ Said Jean-Marc Poli က ''မြန်မာနိုင်ငံ အတွက် လူသား အရင်းအမြစ် ပိုင်းဟာ အရေးကြီးတယ်။ အရည်အသွေး ရှိတဲ့လူငယ်တွေ အများအပြား လိုအပ် နေတာကြောင့် SMVTI နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်တာပါ။ အနာဂတ်မှာ ဧည့်ကြိုလုပ်ငန်း လုပ်ကိုင်မယ့် ဝန်ထမ်းကောင်း တွေကို မွေးထုတ် နိုင်ဖို့လည်း ရည်ရွယ်ပါတယ်'' ဟုပြောသည်။

ထို့ပြင် အဆိုပါ သင်တန်းမျိုး Pan Pacific Yangon ၌လည်း မကြာမီ ဖွင့်လှစ်မည် ဖြစ်ရာ ဧည့်ကြိုလုပ်ငန်း လုပ်ကိုင်မည့်သူ များအတွက် အနာဂတ်တွင် အခွင့်အလမ်း ကောင်းများ ရရှိလာတော့မည် ဖြစ်သည်။ SMVTI ၏ ဧည့်ကြိုနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ သင်တန်းများတွင် တက်ရောက် သင်ကြားနေသူ ကျောင်းသား ဦးရေမှာ လက်ရှိတွင် ၁၆ဝ ဦးရှိသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာသည်နှင့် အမျှ ဟိုတယ်နှင့် ဧည့်ကြို ဝန်ဆောင်မှု လုပ်ငန်းမှာ အရေးပါသော ကဏ္ဍတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည် ဦးရေမှာလည်း ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်း ကတည်းက တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက်လာ ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

မြ၀တီနေ့စဉ် ၊ စာ(၂၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger