www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 20, 2016

ရန်ကုန်တက္ကသိုလ်၌ ဘာသာရပ်တစ်ခုချင်းစီ အတွက် ကျောင်းသား ၅၀ ဦးလက်ခံမည်



ရန်ကုန် ၊ ၂၀-၆-၂၀၁၆

ရန်ကုန်တက္ကသိုလ် ၌ ယခု စာသင်နှစ်တွင် ဘာသာရပ်တစ်ခု အတွက် ကျောင်းသားဦးရေ ပျမ်းမျှ ၅ဝ အထိ လက်ခံသင်ကြား ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်း က ပြောသည်။

လတ်တလောတွင် ဘာသာရပ် များအား အမှတ်ဝင်ခွင့် သတ်မှတ်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ယမန်နှစ်က ဘာသာရပ် တစ်ခုတွင် ကျောင်းသားဦးရေ ၅ဝ အောက် လျော့နည်းသော ဘာသာရပ်များ ရှိသကဲ့သို့ အချို့ ဘာသာရပ် များတွင် ကျောင်းသားဦးရေ ၅ဝ ကျော် ခဲ့ကြောင်း သိရသည်။

''ကျောင်းသားဦးရေ ကတော့ တချို့ ဘာသာရပ်က ၅ဝ မပြည့်တာတွေ ရှိပါတယ်။ တချို့ ကျတော့လည်း ကျော်နေတာတွေ ရှိပါတယ်။ ပျမ်းမျှကတော့ ၅ဝ ပဲ လက်ခံမှာ ဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။

လတ်တလောတွင် ရန်ကုန်တက္ကသိုလ် ၌ ဘာသာရပ်ပေါင်း ၂၁ ခု လက်ခံ သင်ကြား ပေးလျက်ရှိပြီး ထပ်မံ၍ ဘာသာရပ်နှစ်ခု တိုးချဲ့ သင်ကြားပေးရန် စီစဉ်လျက် ရှိကြောင်း၊ ယင်းထပ်မံ တိုးချဲ့သင်ကြား ပေးမည့် ဘာသာရပ် နှစ်ခုမှာ Bio Chemistry နှင့် Bio Technology ဘာသာရပ်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘာသာရပ် နှစ်ခုအား ယခု စာသင်နှစ်တွင် တိုးချဲ့သင်ကြား ပေးရန် အဆင်သင့်ဖြစ် နေပြီး အတည်ပြု ဆုံးဖြတ်ရန် ညှိနှိုင်းမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger