www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 20, 2016

တရုတ်နိုင်ငံမှ လက်ဖက်အချိုခြောက် ဈေးကွက်အတွင်း ၀င်ရောက်မှုများလာခြင်းကြောင့် ပြည်တွင်းရှိ လက်ဖက်အချိုခြောက် လုပ်ငန်းများ ထိခိုက်မှုရှိနေ



ရန်ကုန် ၊ ၂၀-၆-၂၀၁၆

တရုတ်နိုင်ငံမှ လက်ဖက် အချိုခြောက်  ဈေးကွက်အတွင်း ဝင်ရောက်မှု များလာခြင်းကြောင့် ပြည်တွင်းရှိ လက်ဖက် အချိုခြောက် လုပ်ငန်းများ ထိခိုက်မှု ရှိနေကြောင်း မြန်မာနိုင်ငံ လက်ဖက် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

နယ်စပ်မှတစ်ဆင့် တစ်လလျှင် လက်ဖက် အချိုခြောက် တန်ချိန် ၇ဝ ခန့် ဝင်ရောက်လျက် ရှိပြီး နည်းပညာ၊ ငွေကြေးအရင်း အနှီးနှင့် ထုပ်ပိုးရောင်းချမှု စနစ်များမှာ တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် လက်ဖက် အချိုခြောက် ဈေးကွက် ပျောက်သွားသည့် အပြင် စက်ရုံတချို့ ပိတ်သိမ်းထားခဲ့ ရသည်အထိ ထိခိုက်နစ်နာမှု ရှိခဲ့ကြောင်း လက်ဖက် လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသီဟဇော် က ပြောသည်။

လက်ရှိ ပြည်တွင်း လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုကို အဆင့်မြှင့်တင် သော လက်ဖက်ခြောက် ပုံစံမျိုး ထုတ်လုပ်နိုင်ခြင်း မရှိလျှင် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့် ဝင်ရောက်လာပါက မြန်မာ့လက်ဖက် အခါးဈေးကွက် အခြေအနေ မှာလည်း စိုးရိမ်စရာ ဖြစ်နေကြောင်း လက်ဖက် လုပ်ငန်းရှင်များ ထံမှ သိရသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များဖြစ်သည့် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့မှာ လက်ဖက် စိုက်ပျိုးသော နိုင်ငံများ ဖြစ်ကြသောကြောင့် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရရှိလာ လျှင်လည်း လက်ဖက်ခြောက် ဈေးကွက်ကို ယှဉ်ပြိုင်နိုင်ရန် နည်းပညာ လိုအပ် နေသေးကြောင်း သိရသည်။

''တရုတ်နိုင်ငံက ဝင်လာတာ CTP ခေါ် အချိုခြောက်ပါ။ တရုတ်နိုင်ငံက အဓိက ထုတ်လုပ်တာ ကတော့ Green Tea လို့ခေါ်တဲ့ အခါးခြောက်ပါ။ မြန်မာနိုင်ငံကို ဝင်နေတဲ့ အချိုခြောက် တွေက လက်ဖက် အညွန့်ကို ခူးပြီး ကျန်တဲ့ အရွက်ကြမ်း တွေကို သူတို့ဆီမှာ ထုတ်တယ်။ ပြီးတော့ သူတို့က မသုံးဘဲ ဒီကိုပို့ တယ်။ သူတို့ရဲ့ ဈေးကွက် လိုအပ်ချက် အရ ပို့နေတာပါ။ ဈေးလည်း သက်သာတယ်။ မြန်မာနိုင်ငံက အခွန် သတ်မှတ်တဲ့ အထဲမှာ လက်ဖက် မပါဘူး။ ဒါကြောင့် ပြည်ပ ဈေးကွက်ကို ပိတ်ဖို့ မကြိုးစားဘဲ ယှဉ်ပြိုင် နိုင်အောင် လုပ်ရမှာ ဖြစ်ပါတယ်'' ဟု Myanmar Green Tea ကုမ္ပဏီပိုင်ရှင် ဦးသီဟဇော် က ပြောသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger