www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 24, 2016

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အမျှင်ဓာတ်အကြောင်းသိကောင်းစရာများ



CMS (Dr Myanmar)

ကျန်းမာရေးအတွက် အမျှင်ဓာတ် များများစားသုံးဖို့ တိုက်တွန်းချက် တွေကို သင်သတိပြုမိပြီး သားဖြစ်မှာပါ။ ဒါကြောင့် အမျှင်ဓာတ်ဟာ ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုစေနိုင် သလဲဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့် တာလေးတွေကို ရွေးချယ်ဖော်ပြ ပေးလိုက်ပါတယ်။ အမျှင်ဓာတ်ပေါကြွယ်ဝစွာပါဝင်တဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ဖွဲနုမချွတ်ရသေးသော ဆီရီယာယ်များ၊ ပဲတောင့်ရှည်များဟာ ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ကိုယ်အလေးချိန် ညီညွတ်မျှတစေရန် ထိန်းပေးနိုင်ကာ ဆီးချိုရောဂါ၊ နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။

အမျှင်ဓာတ်ဆိုတာဘာလဲ

အမျှင်ဓာတ်ဆိုတာ မိမိစားသုံး လိုက်တဲ့ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ် များကို ခန္ဓာကိုယ်မှ ချေဖျက်၊ စုပ်ယူနိုင်စေရန် ကူညီလုပ်ဆောင် ပေးသော အပင်ထွက်ပစ္စည်း ဖြစ်ပါတယ်။ ဒါပေမယ့် အမျှင်ဓာတ် များဟာ ကိုယ်တိုင် အစာချေဖျက်ခြင်း လုပ်ဆောင်ပေးတာ မဟုတ်ပါ။ ၎င်းဟာ အစာချေဖျက်မှု လွယ်ကူစေရန် များစွာထောက်ပံ့ ပေးနိုင်ပြီး ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ စွန်ပစ်ပစ္စည်းတွေ စွန့်ထုတ်ရာမှာ ချောမွေ့စေရန် ကူညီပေးနိုင် ပါတယ်။ ရေမှာ ပျော်ဝင်နိုင်သော အမျှင်ဓာတ်နဲ့ ရေမှာ မပျော်ဝင်နိုင်သော အမျှင်ဆိုပြီး နှစ်မျိုးခွဲခြား နိုင်ပါတယ်။

ရေမှာပျော်ဝင်နိုင်သောအမျှင်

သွေးတွင်းအဆီနဲ့ အချိုဓာတ် ကျစေရန် ကူညီပေးနိုင်စွမ်း ရှိပါတယ်။ အုတ်ဂျုံ၊ ပဲစေ့၊ ပဲသီးတောင့်၊ ပန်းသီး၊ ချဉ်သောသစ်သီး၊ မုန်လာဥ၀ါ၊ မုယောစပါး၊ ဆီလီယမ်အစေ့ မှရသော ၀မ်းပျော့ဆေး အပျော့စား စတာတွေ စားသုံးခြင်းဖြင့် ရေမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ကို ရရှိစေနိုင် ပါတယ်။

ရေမှာမပျော်ဝင်နိုင်သောအမျှင်

အစာခြေစနစ်ကို ကောင်းမွန် စေတာကြောင့် ၀မ်းချုပ်ခြင်း၊ ၀မ်းပုံမှန်သွားရန် အခက်အခဲ ရှိနေသူတွေ အတွက် များစွာအကျိုးပြု ပေးနိုင်ပါတယ်။ ဂျုံကြမ်း၊ ဖွဲနု၊ အခွံမာသီး၊ ပဲတောင့်၊ ဟင်းသီးဟင်းရွက် (ပန်းဂေါ်ဖီ၊ အစိမ်းရောင် ပဲသီးတောင့်များ၊ အာလူး) စတဲ့ အစားအစာတွေဟာ ရေမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များ ရရှိနိုင်သော အရင်းအမြစ်များ ဖြစ်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ
======================================
ဝမ်းမှန်စေခြင်း ။ ၀မ်းပျော့စေပြီး ၀မ်းချုပ်ခြင်းမှ ကင်းဝေးစေပါတယ်။ ၀မ်းပျက်ဝမ်းလျှော ဖြစ်ခြင်းကိုလည်း ကာကွယ်ပေး ပါတယ်။

အူလမ်းကြောင်းဆိုင်ရာ ရောဂါများမှ ကင်းဝေးစေခြင်း ။ လိပ်ခေါင်းရောဂါ၊ အူလမ်းကြောင်း ဆိုင်ရာ ရောဂါများ ဖြစ်နိုင်ချေကို လျှော့ချပေး ပါတယ်။ အူမကြီးကင်ဆာ ဖြစ်ခြင်းမှလည်း ကာကွယ်ပေး နိုင်ပါတယ်။

ကိုလက်စထရော ကျစေခြင်း ။ ရေမှာပျော်ဝင်သော အမျှင်ဓာတ်ပါသော အစားအစာများ ဖြစ်တဲ့ ပဲတောင့်၊ အုတ်ဂျုံ၊ နှမ်းကြတ်စေ့၊ ဖွဲနုတို့အား စားသုံးခြင်းဖြင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော ကျစေနိုင်ပြီး သွေးဖိအား လျော့ကျစေ ကာ ရောင်ရမ်းခြင်း ဖြစ်စဉ်တွေကိုလည်း ကာကွယ်ပေး နိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း ။ ရေမှာပျော်ဝင်သော အမျှင်ဓာတ်ဟာ သကြားဓာတ် စုပ်ယူမှု လျော့နည်းစေပြီး သွေးတွင်း သကြားဓာတ်ကို ညီမျှအောင် ထိန်းပေး နိုင်တာကြောင့် ဆီးချိုရောဂါ ရှိသူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ ရေမှာ မပျော်ဝင်သော အမျှင်ဓာတ်ကလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

ကိုယ်အလေးချိန် ထိန်းပေးနိုင်ခြင်း ။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေဟာ ကြာကြာဗိုက်ပြည့် စေပြီး လိုအပ်တာထက် ပိုပြီး စားလိုစိတ်ကိုလည်း လျော့နည်းစေနိုင် ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ကိုယ်အလေးချိန်ကို ရရှိပိုင်ဆိုင်နိုင် စေပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger