www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, May 22, 2016

Vitamin A အကြောင်းသိကောင်းစရာများ



Vitamin A (၂) မျိုးရှိပါတယ်။ Preformed vitamin A(Retinoids) ကို တိရစ္ဆာန်ထွက် ပစ္စည်းတွေမှာ တွေ့ရပြီး Pro-vitamin A (Carotenoids) ကိုတော့ အပင်ထွက် ပစ္စည်းတွေ မှာတွေ့ရမှာ ဖြစ်ပါတယ်။

Vitamin A ဟာပုံမှန်  ဆဲလ်တွေ ကြီးထွားဖို့အတွက် မရှိမဖြစ် လိုအပ်ပြီး အမြင်အာရုံ အတွက် အဓိကအခန်းကဏ္ဍ တစ်ရပ်အနေနဲ့  ပါဝင်နေ ပေမယ့်လည်း ကိုယ်ခံအားေ ကာင်းမွန်စေခြင်း၊ မျက်စိနဲ့ အရေပြား ကျန်းမာရေး အတွက် ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ် ကြီးထွားရာတွင် ကူညီထောက်ပံ့ ပေးနိုင်ခြင်းစတဲ့ ကျန်းမာရေး ကဏ္ဍတွေမှာလည်း များစွာ အထောက်အကူပြု ပေးနိုင်ပါတယ်။ ဒါ့အပြင် Vitamin A ဟာ အောက်ပါ ရောဂါများကို သက်သာအောင် ကုသပေးနိုင်ခြင်း၊ မဖြစ်အောင် ကာကွယ်ပေး နိုင်ခြင်းစတဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။
  • (၁) ၀က်ခြံ       
  • (၂) နှင်းခူ
  • (၃) မှတ်ဥာဏ်ချို့ယွင်းလာတဲ့ရောဂါ (အယ်လ်ဇိုင်းမားစ်)        
  • (၄) အထီးကျန်စိတ်ဝေဒနာ (အော်တစ်ဇင်)
  • (၅) ညဘက်၌ကောင်းစွာမမြင်ရတဲ့ အမြင်အာရုံ ချို့ယွင်းမှုရောဂါ
  • (၆) နေလောင်ကွက် / မီးလောင်နာ
  • (၇) ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အရေပြားကင်ဆာ    
  • (၈) အရိုးပွရောဂါ

Vitamin A ရရှိနိုင်သောအစားအစာများ
  • (၁) ငါးကြီးဆီ
  • (၂) ဥအမျိုးမျိုး
  • (၃) Vitamin A ဖြည့်စွက်ထားသောကောက်နှံအစားအစာများ
  • (၄) Vitamin A ဖြည့်စွက်ထားသော နွားနို့
  • (၅) လိမ္မော်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ
  • (၆) အသည်း (အထူးသဖြင့် အသည်းနဲ့ ငါးကြီးဆီတို့မှာ Vitamin A ပါဝင်မှု အများဆုံးဖြစ်ပါတယ်။)

Vitamin A ချို့တဲ့ခြင်း၏ ဆိုးကျိုးများ

အကြောင်း အမျိုးမျိုးကြောင့် Vitamin A ချို့တဲ့မှု ဖြစ်စေနိုင် ပါတယ်။ အစာခြေမှု စနစ်မှာ ရောဂါ တစ်ခုခုဖြစ်ရင် Vitamin A စုပ်ယူမှု လျော့နည်း စေနိုင်ခြင်း၊ Zinc ဓာတ် အလုံအလောက် မရရှိခြင်းကြောင့် Vitamin A ချို့တဲ့ ခြင်း၊ ရောဂါသက်သာ စေတဲ့ ဆေးဝါးတွေ ဖြစ်တဲ့ ၀မ်းပျော့ဆေးတွေ၊ ပဋိဇီဝဆေးဝါး တွေနဲ့ သန္ဓေတားဆေး တွေဟာလည်း Vitamin A ချို့တဲ့ စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ် သောက်ခြင်း၊ အရက် အလွန်အကျွံ သောက်ခြင်းတို့ဟာ  Vitamin A ချို့တဲ့စေတဲ့ အဓိက အကြောင်းအရာ တွေပဲ ဖြစ်ပါတယ်။ ဖျားနာနေချိန် နဲ့ ကိုယ်ဝန်ဆောင် နေစဉ် အတောအတွင်းမှာ Vitamin A အလုံအလောက် ရရှိဖို့ လိုအပ်ပါတယ်။ Vitamin A ချို့တဲ့ခြင်းကိုဖော်ပြပါရောဂါလက္ခဏာများအရသိရှိနိုင်ပါတယ်။
  • (၁) ညဘက်၌ကောင်းစွာမမြင်ရခြင်း
  • (၂) မျက်မှေးခြောက်နာဖြစ်ခြင်း
  • (၃) လန်းဆန်းတက်ကြွမှုမရှိခြင်း
  • (၄) အသားရေခြောက်သွေ့ခြင်းနှင့် မျက်သားခြောက်ခြင်း
  • (၅) ခံတွင်းပျက်ခြင်း
  • (၆) ကိုယ်ခံစွမ်းအားစနစ်ကျဆင်းခြင်း
  • (၇) ကြီးထွားနှုန်းနှေးကွေးခြင်း

Vitamin A လွန်ကဲခြင်း၏ ဘေးထွက်ဆိုးကျိုးများ

တန်ဆေးလွန်ဘေး ဆိုတဲ့ စကားအတိုင်း Vitamin A တွေ လွန်ကဲလွန်း ရင်လည်း အဆိပ်ဖြစ်စေ နိုင်ပါတယ်။ Hypervitaminosis A လို့ခေါ်တဲ့ Vitamin A လွန်ကဲခြင်းဟာ ဖြစ်လေ့ ရှိပေမယ့် ဖြစ်ခဲပါတယ်။ Vitamin A ရယူမှု လိုအပ်တာထက် ပိုလျှံ သွားခြင်းကြောင့် ဖြစ်ရတာပါ။ Vitamin A လွန်ကဲနေခြင်းကို သိရှိနိုင်မယ့် ရောဂါ လက္ခဏာ တွေကတော့ -
  • (၁) အမြင်အာရုံေ၀၀ါးလာခြင်း                             
  • (၂) အရိုးအဆစ်တွေ နာကျင်ကိုက်ခဲခြင်း                
  • (၃) လက်သည်းများကြွပ်ဆတ်လာခြင်း
  • (၄) မူးဝေခြင်း
  • (၅) ကတုန်ကယင်ဖြစ်ခြင်း                                  
  • (၆) နှုတ်ခမ်းကွဲခြင်း
  • (၇) အရေပြားယားယံခြင်း
  • (၈) ပင်ပန်းနွမ်းနယ်ခြင်း
  • (၉) သွားဖုံးရောင်ခြင်း
  • (၁၀) ဆံပင်ကျွတ်ခြင်း
  • (၁၁) ခေါင်းကိုက်ခြင်း
  • (၁၂) အသည်းနဲ့ဆိုင်တဲ့ရောဂါများ ဖြစ်ခြင်း
  • (၁၃) ပျို့အန်ခြင်း

Vitamin A ကြောင့် အဆိပ် ဖြစ်ရခြင်းဟာ မွေးရာပါ ချို့ယွင်းချက် ပါရှိခြင်းနဲ့ အသည်း လုပ်ဆောင်ချက်များ မူမမှန်ခြင်း နဲ့လည်း ပါဝင်ပတ်သက် နေပါတယ်။ Vitamin A လွန်ကဲခြင်းကြောင့် အရိုး သိပ်သည်းဆ (BMI) ကို လျော့နည်းစေပြီး အရိုးပွရောဂါ ဖြစ်နိုင်ချေကို မြင့်မားစေတဲ့ အပြင် တင်ပါးဆုံရိုး ကျိုးခြင်းကိုပါ ဖြစ်စေနိုင် ပါတယ်။

နေ့စဉ် Vitamin A လိုအပ်ချက်

တစ်နေ့တာအတွက် Vitamin A လိုအပ်ချက်ကတော့
  • (၁) အရွယ်ရောက်ပြီးအမျိုးသားများ - 900 mcg 
  • (၂) အရွယ်ရောက်ပြီးအမျိုးသမီးများ - 700 mcg
  • (၃) ကိုယ်ဝန်ဆောင်မိခင်များ - 770 mcg
  • (၄) နို့တိုက်မိခင်များ - 1300 mcg တို့ ဖြစ်ပါတယ်။

CMS
drmyanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger