www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 4, 2016

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် (H.T.M.S Pattani OPV 511 ) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ၊ မြိတ်မြို့သို့ ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိ



နေပြည်တော် ၊ ၄-၅-၂၀၁၆

ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် (H.T.M.S Pattani OPV 511) သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် ချစ်ကြည်ရေး ခရီး လည်ပတ်ရန် အတွက် ယမန်နေ့ နံနက် ၉ နာရီခွဲတွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့သို့ ရောက်ရှိရာ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ အရာရှိ / စစ်သည်များမှ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ထိုင်းစစ်ရေယာဉ် တွင် ချစ်ကြည်ရေး ခရီး လိုက်ပါလာသော ထိုင်းဘုရင့် ရေတပ် Third Naval Area Command မှ Deputy Commander ဖြစ်သူ Rear Admiral Paderm Nernchai ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များအား တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်မှူး နှင့် တာဝန်ရှိ သူများသည် ဌာနချုပ် ဧည့်ရိပ်သာ ခန်းမတွင် တွေ့ဆုံ၍ နှစ်နိုင်ငံ ရေတပ်ဆိုင်ရာ ကိစ္စရပ် များအား ဆွေးနွေးကြသည်။

ယင်းနောက် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင် များသည် နေ့လယ်ပိုင်းတွင် မြိတ်မြို့ရှိ ကုန်တိုက်၊ သဘာဝငှက်အိမ်၊ သိမ်တော်ကြီး စေတီတော်နှင့် ကျွဲကူးတံတား တို့အား သွားရောက် လည်ပတ်လေ့လာ ခဲ့ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် ထိုင်းဘုရင့် ရေတပ်မှ အရာရှိ /စစ်သည် စုစုပေါင်း ၁၅၄ ဦးလိုက်ပါ လာပြီး မေ ၄ ရက်တွင် ရန်ကုန်မြို့သို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေစဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger