www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 4, 2016

ရာသီဥတုဒဏ်ကြောင့် ရော်ဘာအထွက်နည်းပြီး ၀ယ်လိုအားများခြင်းကြောင့် မြန်မာ့ရော်ဘာဈေးနှုန်းများ ပြန်လည်မြင့်တက်လာ



ရန်ကုန် ၊ ၄-၅-၂၀၁၆

အယ်လ်နီညို ဖြစ်စဉ်ကြောင့် အပူဒဏ် ခံစားရသော နိုင်ငံများ၌ ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု ကျဆင်းခဲ့ သောကြောင့် ရော်ဘာ အထွက်နှုန်း နည်းပြီး ဈေးကွက် ဝယ်လိုအား များကာ ကမ္ဘာ့ရော်ဘာ ဈေးနှုန်းနှင့်အတူ မြန်မာ့ရော်ဘာ ဈေးနှုန်းများ ပြန်လည် မြင့်တက် လာကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်းမှ သိရသည်။

မြန်မာ့ရော်ဘာ ပေါက်ဈေးသည် ဧပြီလ နောက်ဆုံးပတ် အထိ RSS 3 တစ်ပေါင်လျှင် ငွေကျပ် ၇၃ဝ အထိရှိပြီး မတ်လ အတွင်းက ဈေးနှုန်းဖြစ်သော ငွေကျပ် ၆၃ဝ နှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံးသို့ တက်လာခြင်း ဖြစ်ကာ ကမ္ဘာ့ရော်ဘာ ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၇ဝဝ ကျော်အထိရှိပြီး ဈေးနှုန်းများ ပြန်လည် မြင့်တက်လာ ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ရော်ဘာ ၉၂ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချ လျက်ရှိပြီး တရုတ်နိုင်ငံသို့ ၇ဝ ရာခိုင်နှုန်းနှင့် ဥရောပနှင့် ဂျပန်နိုင်ငံ တို့သို့ ကျန် ၂၂ ရာခိုင်နှုန်းကို တင်ပို့ရောင်းချ နေရသည်။

တစ်ကမ္ဘာလုံးရှိ ရော်ဘာ စိုက်ပျိုးမှု ပမာဏ သည် ရာသီဥတု အခြေအနေ ကြောင့် ၁၃ ရာခိုင်နှုန်း အထိ ကျဆင်းပြီး မြန်မာနိုင်ငံ သည်လည်း ရော်ဘာ အထွက်နှုန်း ကျဆင်းသော နိုင်ငံများထဲ၌ ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် နှစ်ပိုင်းတွင် ကမ္ဘာ့ရော်ဘာ ထုတ်လုပ်မှု တိုးတက် လာခြင်းနှင့် မြန်မာနိုင်ငံ၏ ရော်ဘာ အရည်အသွေး ကျဆင်းမှုကြောင့် ရော်ဘာ ပေါက်ဈေးနှုန်းများ သုံးနှစ်အတွင်း ထက်ဝက်ခန့် ကျဆင်းခဲ့သည်။ ယခုကဲ့သို့ ဈေးနှုန်း ပြန်လည် မြင့်တက်လာ ခြင်းဖြင့် ဈေးနှုန်း ကျဆင်းမှုဒဏ် ဆက်တိုက် ခံနေရသော ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူ များအတွက် အနည်းငယ် သက်သာစေမည် ဖြစ်ကြောင်း ရော်ဘာ လုပ်ငန်းရှင် များက သုံးသပ် ကြသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger