www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 26, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံဒုတိယ ၀န်ကြီးချုပ် General Tanasak Patimapragorn နှင့်တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် General Tanasak Patimapragorn တို့ တွေ့ဆုံဆွေးနွေးစဉ်

နေပြည်တော် ၊ ၂၆-၅-၂၀၁၆

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေ ၂၅ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီတွင် National Gallery ဧည့်ခန်းမ၌ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် General Tanasak Patimapragorn အား တွေ့ဆုံ နှုတ်ဆက်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင် နှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ တို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့်အတူ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira နှင့် အရာရှိကြီးများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် ခရီးသွားလုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် ကိစ္စရပ်များ၊ ယဉ်ကျေးမှုနှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ အား ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် General Tanasak Patimapragorn နှင့်ဇနီးတို့က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့ပြီး ထိုင်းတပ်မတော် ယဉ်ကျေးမှု အဖွဲ့များက အဆိုအကများဖြင့် ကပြ ဖျော်ဖြေကြသည်။ ၄င်းနောက် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကြကာ အဖွဲ့ဝင် များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger