www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 9, 2016

မြန်မာနိုင်ငံ၏ ပထမဆုံးခြင်းလုံးသင်တန်းကျောင်း ကို ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်


တံတားဦး ၊ ၉-၅-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် ပုလိပ်-စကားအင်း အဝိုင်းပတ် အနီးတွင် မြန်မာနိုင်ငံ ၏ ပထမဆုံး နိုင်ငံတကာ အဆင့်မီ ပိုက်ကျော်ခြင်းနှင့် ရိုးရာခြင်းလုံး သင်တန်းကျောင်း ကို တည်ဆောက် လျက်ရှိရာ ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းနှင့် ခြင်းလုံး အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

သင်တန်းကျောင်းကို မြေ ၄ ဧက အကျယ်အဝန်း အတွင်း၌ တည်ဆောက်လျက် ရှိပြီး စီမံကိန်း အတွင်း ဝန်ထမ်းဆောင်များ၊ နည်းပြများ အဆောင်နှင့် အားကစား သမားများ နားနေ အဆောင်များ ပါရှိရာ တည်ဆောက်မှု ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်း ကို Myanmar Land ကုမ္ပဏီ ၊ မနောဧကရီ ကုမ္ပဏီတို့က တာဝန်ယူ တည်ဆောက်လျက် ရှိပြီး ခန့်မှန်း ကုန်ကျမှု စရိတ်မှာ ငွေကျပ် သိန်းပေါင်း ၅ဝဝဝ ခန့်ရှိသည်။ နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားလာသည့် မြန်မာ့ရိုးရာ ခြင်းလုံး အားကစား နည်းကို ကမ္ဘာသို့ ပိုမိုပျံ့နှံ့ နိုင်ရေးတွင် သင်တန်းကျောင်း တစ်ခု လိုအပ်ချက် ရှိလာခြင်း၊ နိုင်ငံအတွက် မျိုးဆက်သစ် လူငယ်ခြင်းလုံး အားကစား သမားများ နည်းစနစ်တကျ သင်ကြားမွေးထုတ် လိုခြင်းတို့ကြောင့် တည်ဆောက် ရခြင်း ဖြစ်ကြောင်း သိရသည်။

အဖွဲ့ချုပ်ပိုင် မြေနေရာတွင် တည်ဆောက်လျက် ရှိသော သင်တန်းကျောင်း သည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး တွင် တည်ရှိမှုကြောင့် နိုင်ငံတကာ မှ ဧည့်သည်များ လာရောက် လေ့လာနိုင်ရန် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ ချောမွေ့လွယ်ကူခြင်း၊ လာရောက်သည့် နိုင်ငံအချို့က မြန်မာ့ယဉ်ကျေးမှု နှင့် ဆက်စပ်နေသော ရိုးရာခြင်းလုံး အားကစားနည်းကို သင်တန်းကျောင်း ရှိ၊ မရှိ စိတ်ဝင်တစား မေးမြန်းမှုတို့ကြောင့် အဆိုပါ သင်တန်းကျောင်းကို အမြန်ဆုံး တည်ဆောက် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ခြင်းလုံး နှင့် ပတ်သက်သော နိုင်ငံတကာ ရုပ်သံလိုင်းများ လာရောက် ရိုက်ကူးရန် ကမ်းလှမ်းမှု ရှိလာပါက အဆင်ပြေစွာ စီစဉ်ပေး နိုင်ခြင်း၊ အင်တာနက်လိုင်းရှိ ကမ္ဘာ့နေရာ ဒေသများမှ မြန်မာ့ခြင်းလုံး ပညာရပ်ကို သင်ကြားနိုင်သော အွန်လိုင်း စနစ်တစ်ခုကို သင်တန်းကျောင်း က အကောင်အထည်ဖော် ဆောင်ရွက် ရန်ရှိကြောင်း ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။ (ဝ၄၂)

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger