www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 24, 2016

ဖုန်း အက်ပလီကေးရှင်းမှ တစ်ဆင့် သွေးတွင်းအယ်လ်ကိုဟော ပါဝင်မှုကို ဖော်ပြပေးမည့် လက်ကောက်ဖန်တီး



ဝါရှင်တန် ၊ ၂၄-၅-၂၀၁၆

အမေရိကန်နိုင်ငံ အမျိုးသား ကျန်းမာရေး အသင်းက ကြီးမှူးကာ သွေးတွင်း အယ်လ်ကိုဟော ပါဝင်သည့် ပမာဏကို တိုင်းတာနိုင်မည့် ဝတ်ဆင် နိုင်သော နည်းပညာကို ယှဉ်ပြိုင် ထုတ်လုပ် စေခဲ့ရာ လက်ကောက် ကဲ့သို့ ဝင်ဆင်ရပြီး ဖုန်း အက်ပလီကေးရှင်း မှ တစ်ဆင့် သွေးတွင်း အယ်လ်ကိုဟော ပါဝင်မှု ပမာဏကို ဖော်ပြ သတိပေး နိုင်မည့် BACtrack Skyn လက်ကောက် ဖန်တီး ထုတ်လုပ်သူကို ရွေးချယ် အနိုင်ပေး လိုက်ကြောင်း သိရသည်။

'' BACtrack Skyn ဟာ သွေးတွင်း အယ်လ်ကိုဟော ပမာဏကို စဉ်ဆက်မပြတ် စောင့်ကြည့် ဖော်ပြပေး နိုင်သလို အရက်သောက်တာ သိပ်လွန်သွား ရင်လဲ ဖုန်းကနေ တစ်ဆင့် သတိပေးသံတွေ ထုတ်ပြန်တာ ပြုလုပ်နိုင် ပါတယ်။ ဝတ်ဆင်နိုင်တဲ့ နည်းပညာသုံး အရက် ပမာဏ တိုင်းတာစက်ကို ၂ဝ၁၆ ခုနှစ် မတ်လကစပြီး ဝါသနာရှင် တွေ အားလုံးကို ယှဉ်ပြိုင် ထုတ်လုပ် စေခဲ့တာ ဖြစ်ပါတယ်။ ဒီကိရိယာတွေ အားလုံးဟာ BAC ကို တိုင်းတာ ဆောင်ရွက်ရတဲ့ ကိရိယာတွေ ဖြစ်ပါတယ်'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။

BAC ဆိုသည်မှာ Blood Alcohol Content အသွေးတွင်း အယ်လ်ကိုဟော ပါဝင်သည့် ပမာဏ ဖြစ်သည်။ BACtrack Skyn သည် ရရှိသော သတင်း အချက်အလက် ကို Bluetooth ဖြင့်လည်း တစ်နေရာ မှ တစ်နေရာသို့ ပို့ဆောင် ပေးနိုင်ပြီး အနိုင်ရရှိ သွားသော Bactrack သည် အပျော်တမ်း အဖွဲ့အစည်း တစ်ခု မဟုတ်ဘဲ အရက်သောက် ထားခြင်း ရှိ၊ မရှိ တိုင်းတာ စစ်ဆေးသည့် စက်များကို ထုတ်လုပ်ခဲ့သည့် အတွေ့အကြုံ ရှိသည်။ 

ယခင်ကလည်း စမတ်ဖုန်းကို အခြေပြုကာ ရှူသွင်း ရှူထုတ်သော လေကို တိုင်းတာပြီး အရက် သောက်ထားမှု လွန်ကဲခြင်း ရှိ၊ မရှိ တိုင်းသည့်စက်ကို ထုတ်လုပ်ခဲ့ ဖူးကြောင်းနှင့် ၄င်းစက်ကို နိုင်ငံပေါင်း ၂ဝ ကျော်တွင် တွင်ကျယ်စွာ အသုံးပြုလျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger