www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 6, 2016

ထိုင်းဘုရင့်ရေတပ်မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ


ထိုင်းဘုရင့်ရေတပ်မှ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရတနာဆင်ဖြူတော် အား ကြည့်ရှု့လေ့လာစဉ်

နေပြည်တော် ၊ ၆-၅-၂၀၁၆

ထိုင်းဘုရင့်ရေတပ် Third Naval Area Command မှ Deputy Commander ဗိုလ်ချုပ် Kittipong Rumakhon ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးစဉ်အဖြစ် ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြရာ တပ်မတော် (ရေ)မှ တာဝန်ရှိသူ များနှင့် ထိုင်းစစ်သံမှူး Capt. Apakarn Youkongkaew တို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ ရတနာ ဆင်ဖြူတော် ဥယျာဉ် (ရန်ကုန်)သို့ သွားရောက်ကာ ရတနာ ဆင်ဖြူတော် သုံးစီးအား ကြည့်ရှု လေ့လာကြပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဗိုလ်တထောင် စေတီတော်သို့ သွားရောက်ဖူးမြော် ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger