www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 6, 2016

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် ရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး ရောက်ရှိ


ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် H.T.M.S Pattani OPV ကို တွေ့ရစဉ်

နေပြည်တော် ၊ ၆-၅-၂၀၁၆

ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် H.T.M.S Pattani OPV သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယမန်နေ့ နေ့လယ်ပိုင်းတွင် မြိတ်မြို့မှ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည် များနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် ထိုင်းဘုရင့် ရေတပ် Third Naval Area Command မှ Deputy Commander ဖြစ်သူ Rear Admiral Paderm Nernchai ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၁၅၄ ဦးတို့ လိုက်ပါလာပြီး ရန်ကုန်မြို့၌ မေ ၉ ရက်ထိ ငါးရက်ကြာ လေ့လာလည်ပတ်မည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ များမှ စစ်ရေယာဉ်များ မကြာခဏ လာရောက် လည်ပတ်ခြင်း အားဖြင့် နှစ်နိုင်ငံရေတပ် အချင်းချင်း သာမက နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမိုမြှင့်တင် ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger