www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 2, 2016

ဝေးလံခေါင်းပါးဒေသများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား တပ်မတော်ပါရဂူများနှင့် ဆေးမှူးများက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး


တပ်မတော် ပါရဂူများနှင့် ဆေးမှူးများက ဝေးလံခေါင်းပါးဒေသများရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးစဉ်

နေပြည်တော် ၊ ၂-၅-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းပြည်နယ် နှင့် နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ အတွင်း ဝေးလံခေါင်းပါး၍ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသများရှိ ဒေသခံ ပြည်သူများ၏ ကျန်းမာရေး မြှင့်တင်ပေးရန် အတွက် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများက မိမိသဘော ဆန္ဒအလျောက် သွားရောက် တာဝန် ထမ်းဆောင်ပြီး ဒေသခံ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ ဧပြီ ၁ ရက်မှ ၃ဝ ရက်အထိ နန်းယွန်းဒေသ မှ ဒေသခံ ပြည်သူ ၅၅၉ ဦး၊ ပန်ဆောင် ဒေသမှ ဒေသခံ ပြည်သူ ၃၇၅ ဦး၊ ဒုံဟီးဒေသမှ ဒေသခံ ပြည်သူ ၄၂ဝ ဦး၊ လဟယ်ဒေသ မှ ဒေသခံပြည်သူ ၄၈၄ ဦး၊ ယမ်းကြုံး ဒေသမှ ဒေသခံ ပြည်သူ ၅၅ ဦး၊ ထန်ပါခွေ ဒေသမှ ဒေသခံပြည်သူ ၇၉ ဦး၊ လေရှီးဒေသမှ ဒေသခံပြည်သူ ၂၅၉ ဦး၊ ဆွမ္မရာဒေသမှ ဒေသခံပြည်သူ ၂၄ဝ ဦး၊ ပန်ဆပ်ဒေသမှ ဒေသခံပြည်သူ ၁၈၇ ဦး၊ မိုဘိုင်လွတ် ဒေသမှ ဒေသခံပြည်သူ ၄၄ ဦး၊ ကောင်းဟိန် ဒေသမှ ဒေသခံပြည်သူ ၉၉ ဦး၊ ကျီခါးဒေသမှ ဒေသခံပြည်သူ ၁၃၇ ဦး၊ တွန်းဇံဒေသမှ ဒေသခံပြည်သူ ၅၉၁ ဦး၊ ရိဒ် ဒေသမှ ဒေသခံပြည်သူ ၂၇၉ ဦး၊ ဆူရ်ခွား ဒေသမှ ဒေသခံပြည်သူ ၂၅၈ ဦး၊ ထန်တလန် ဒေသမှ ဒေသခံပြည်သူ ၇၃၁ ဦး၊ လုံလဲဒေသမှ ဒေသခံပြည်သူ ၆၃ ဦး၊ မှောင်တလန် ဒေသမှ ဒေသခံပြည်သူ ၁၇ဝ ဦး၊ မတူပီဒေသမှ ဒေသခံ ပြည်သူ ၄၁၈ ဦး၊ ရေဇွာဒေသမှ ဒေသခံပြည်သူ ၂၉၁ ဦး၊ လိုင်လင်းပီ ဒေသမှ ဒေသခံ ပြည်သူ ၂၂၉ ဦးနှင့် ဝမ္မသူးဒေသမှ ဒေသခံပြည်သူ ၁၃၆ ဦး၊ စုစုပေါင်း ၆၁ဝ၄ ဦးအား အထွေထွေ ဖျားနာ ဆေးကုသမှုများ၊ ခွဲစိတ်ရောဂါ များ၊ ကလေးရောဂါများ၊ သားဖွားမီးယပ် ရောဂါများ၊ အရိုးရောဂါများ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများ၊ မျက်စိရောဂါ များနှင့် အခြား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်ခဲ့သည်။  အဆိုပါ ဒေသများ တွင် မတ် ၂၂ ရက်မှ ဧပြီ ၃ဝ ရက်ထိ ဒေသခံ ပြည်သူ စုစုပေါင်း ၈၃၂၅ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ဆက်လက်၍ လည်း ဒေသခံ ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက် များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger