www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 24, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya တို့ အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၂၄-၅-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာဝန် ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya အား ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့သည် မြေပြင်၊ ရေပြင် ထိစပ်နေသော အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပူးပေါင်း ဆောင်ရွက်နိုင်သည့် နယ်ပယ်များတွင် ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး၊ စက်မှုလုပ်ငန်း၊ လူသုံးကုန်နှင့် စားသောက်ကုန် လုပ်ငန်း စသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး၊ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး ပိုမိုခိုင်မာမှုရှိရန် လုပ်ဆောင် နိုင်သည့် နယ်ပယ်များတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ခေါင်းဆောင်များ အဆင့်၊ အလယ် အလတ် အဆင့်၊ အောက်ခြေအဆင့် စသည်ဖြင့် အဆင့်လိုက် တွေ့ဆုံ ဆွေးနွေးရေး၊ ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေး၊ နယ်စပ်ဒေသတွင် တူညီသော ဒေသခံများ ရှိကြသဖြင့် တစ်ဦးနှင့် တစ်ဦး ချစ်ကြည်မှု၊ ယုံကြည်မှုကို အလေးထား၍ နယ်စပ်ဒေသ စီမံခန့်ခွဲမှု များကို စံနမူနာ ပြဖြစ်အောင် ဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသ ၌ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး ပိုင်းဆိုင်ရာ နယ်ပယ်သုံးခုတွင် ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေ များကို ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးနှင့် အတူ စစ်သံမှူး Colonel Gaurav Sharma တို့ တက်ရောက်ကြကာ တွေ့ဆုံပွဲ အပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်း များပေးအပ် ၍ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger