www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 11, 2016

နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ မိုးကုတ် (မုံတွင်း) အင်းကို ရှေးဟောင်း အမွေအနှစ် အဖြစ် ထိန်းသိမ်းပေးရန် တင်ပြသွားမည်



မန္တလေး ၊ ၁၁-၅-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ် အတွင်းမှ နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ မိုးကုတ်(မုံတွင်း) အင်းကို ယင်းမြို့ရှိ အရပ်ဘက် ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် အဖွဲ့အစည်း များနှင့် ဒေသခံများ က ရှေးဟောင်း အမွေအနှစ် အဖြစ် ထိန်းသိမ်း ပေးရန် သက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

''အင်းက တဖြည်းဖြည်းနဲ့ ပျက်စီးဖို့ ရာခိုင်နှုန်း တော်တော်လေး များလာပါတယ်။ အင်းထဲမှာ ကျောက်မျက် စင်တာ၊ ဟိုတယ် အပါအဝင် တခြား စီမံကိန်းတချို့ ဆောက်လုပ် ထားတော့ နောက်ဆက်တွဲ ဆိုးကျိုးတွေက အဆက်မပြတ် ဖြစ်ပေါ်နေတယ်။ နောက်ထပ် နှစ်အနည်းငယ် အတွင်းမှာ အင်းပုံစံ ပျောက်ပြီး အဆောက်အအုံ တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခု ဖြစ်သွားမှာ စိုးရိမ်ရလို့ ရှေးဟောင်း အမွေအနှစ် တစ်ခု အနေနဲ့ ထိန်းသိမ်းပေးဖို့ တောင်းဆိုသွားမှာ ပါ'' ဟု စိမ်းလန်း မိုးကုတ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အင်းသည် ကိုလိုနီခေတ် က ကျောက်မျက် တူးဖော်ရာတွင် ဖြစ်ပေါ်လာသည့် ချိုင့်ဝှမ်းမှ အင်းအဖြစ်ပြောင်းလဲသွားခြင်း ဖြစ်ပြီး မိုးကုတ်မြို့သူ၊ မြို့သားများက မြို့၏ အထင်ကရ နေရာတစ်ခု အဖြစ် သတ်မှတ်ထား ကြသည်။ လက်ရှိတွင် တချို့ အင်းပေါင်များ မှာလည်း ခိုင်ခံ့မှု မရှိတော့ဘဲ ပြိုကျပျက်စီးမှုများ ရှိနေခြင်းကြောင့် ပြန်လည် ပြုပြင်မှုများ ဆောင်ရွက်ထား ရကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger